Monday, July 30, 2012

အနတ္တလက္ခဏသုတ်

"အနတ္တ လက္ခဏသုတ်"

(၁) အနတ္တ လက္ခဏသုတ် နိဒါန်း
အရှင်မဟာကသပကိုယ်တော်မြတ်ကြီးဘုရား အကျွန်ုပ်အာနန္ဒာသည် ဤသို့လျှောက်ထားလတ္တံ့ သောအတိုင်း ဘုန်းတော်ကြီးသောမြတ်စွာဘုရား၏ ဆည်းကပ်ခရောက်ထံတော်မှောက်မှ ကိုယ်တိုင်ကြား လိုက်ရပါသည်ဘုရား။ တပါးသောအခါ၌မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီးအနီး သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူသည်။ ထိုသို့သ တင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏဍည အမှူးငါးဦး ရဟန်းတို့ကိုခေါ်တော်မူ၏၊ ရဟန်းတို့သည်"အရှင်ဘုရား"ဟု၍မြတ်စွာဘုရားအားလျှောက်ထားကြကုန်၏၊ဘုန်တော်ကြီးသောမြတ်စွာဘု ရားသည် ဤ "အနတ္တလက္ခဏသုတ်" စကားကို မိန့်မြွက်ဟောကြားတော် မူလေသတည်း။

 (၂) ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ     
ချစ်သား ရဟန်းတို့ ရုပ်တရား အပေါင်းသည် အစိုးမရ,အလို သို့မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြင့်သော အနတ္တ အမှန်ပင် တည်း။ ချစ်သားရဟန်းတို့ ရုပ်တရား အပေါင်းသည်လည်း ဧကန် စစ်စစ် အလို သို့လိုက်သောမိမိအလို ဆန္ဒအတိုင်း ဖြစ်တတ်သော "အတ္တ"သဘောရှိသည် ဖြင့်ပါမူကား ဤရုပ်တရားသည်အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်နှောင့်ယှက် ဖေါက်ပြန်ခြင်းဌာ မဖြစ်လေရာ "ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ရုပ် သည် ဤသို့ မဖြစ် စေလင့်" ဤသို့ မိမိတို့ ဆန္ဒ အတိုင်း ရုပ်တရား၌ အခွင့်ရ နိုင်လေ ရာ၏။ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သောအကြောင်းကြောင့် လျှင်ရုပ်တရားသည် အစိုးမရ,အလိုသို့ မလိုက်,မိမိအလိုဆန္ဒအတိုင်း မဖြစ် သော "အနတ္တသဘော"ရှိချေ၏၊ ထို့ကြောင့်ရုပ်တရား သည် အလိုသို့မလိုက်ပါ ဘဲကျင်နာခံခက်, နှောက်ယှက်, ဖေါက်ပြန်ခြင်းဌာ ဖြစ်၏။"ငါ၏ ရုပ်သည်ဤ သို့ဖြစ်ပလေစေ၊ ငါ၏ ရုပ်သည်ဤသို့မဖြစ် စေလင့်" ဤသို့ မိမိတို့ ဆန္ဒအ တိုင်း ရုပ်တရား၌ အခွင့် မရနိုင်။

(၃) ဝေဒနာက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ ဝေဒနာ, ခံစားမူဝေဒနာအပေါင်းသည်အစိုး မရ , အလိုသို့ မလိုက်,မိမိ အလိုဆန္ဒ အတိုင်းမဖြစ်သော" အနတ္တ" အမှန်ပင်တည်း။ ချစ်သား ရဟန်းတို့ ခံစားမူ ဝေဒနာ အပေါင်းသည် လည်း ဧကန်စစ်စစ် အလို သို့ လိုက် သောမိမိ အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော "အတ္တ" သဘော ရှိ သည် ဖြစ်ပါမူကား ဤဝေဒနာ သည်အလိုသို့ လိုက်ပါ၍ကျင်နာခံခက်,နှောက် ယှက်, ဖောက်ပြန် ခြင်းဌာ မဖြစ်လေရာ "ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်ပလေ စေ၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒ အတိုင်း ဝေဒနာ တရား၌ အခွင့်ရနိုင် လေရာ၏။ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့် လျှင်ဝေ ဒနာ တရားသည်အစိုး မရ, အလိုသို့ မလိုက်,မိမိအလိုဆန္ဒအတိုင်းမဖြင့်သော "အနတ္တ" သ ဘော ရှိချေ၏၊ ထို့ကြောင့်ဝေဒနာတရားသည်အလိုသို့မလိုက်ပါ ဘဲ ကျင်နာခံခက်, နှောက်ယှက် ဖေါက်ပြန်ခြင်းဌာ ဖြစ်၏၊" ငါ၏ ဝေဒနာ သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွငိ့ မရနိုင်။

(၄) သညာက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ "မှတ်သားမှု သညာ" အပေါင်းသည် အစိုးမ ရ, အလို သို့ မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြစ်သော "အနတ္တ" အမှန်ပင်တည်း။ ချစ်သားရဟန်းတို့ "မှတ်သားမှု သညာ" အပေါင်း သည်လည်း ဧကန် စစ်စစ် အလိုသို့လိုက်သောမိမိအလိုဆန္ဒအတိုင်း ဖြစ်တတ်သော "အတ္တ" သဘော ရှိသည် ဖြစ်ပါမူကားဤ "သညာ" သည်အလိုသို့လိုက်ပါ၍ကျင်နာခံခက်,နှောက် ယှက်ဖောက် ပြန် ခြင်းဌာ မဖြစ်လေရာ" ငါ၏ သညာ သည် ဤသို့ဖြစ်ပလေ စေ၊ ငါ ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။ ချစ်သားရဟန်းတို့ စင်စစ်အ ကြင်သို့သော အကြောင်းကြောင့်လျှင် "သညာ" တရားသည် မစိုး မရ, အလိုသို့ မလိုက်, မိမိ အလိုဆန္ဒ အတိုင်းမ ဖြစ်သော "အ နတ္တ" သဘော ရှိချေ၏၊ ထို့ကြောင့် "သညာ"တရားသည်အလိုသို့မ လိုက် ပါဘဲ ကျင်နာခံခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ ဖြစ်၏၊ "ငါ ၏ "သညာ" သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ "သညာ" သည် ဤသို့ မဖြစ်စေ လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း "သညာ" တရား၌ အခွင့် မရနိုင်။

(၅) သင်္ခါရက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ ' ပြုပြင်စီရင်မှု' သင်္ခါရ တရားအပေါင်း တို့ သည်အ စိုးမရ, အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြစ် သော 'အနတ္တ' အမှန်ပင် တည်း။ချစ်သားရဟန်းတို့ "ပြုပြင်စီရင်မှု သင်္ခါရ" အပေါင်း တို့သည်လည်း ဧကန်စစ်စစ် အလိုသို့လိုက်သော မိမိအ လိုဆန္ဒအ တိုင်း ဖြစ်တတ် သော'အတ္တ' သဘော ရှိကုန်သည် ဖြစ် ကုန်ပါမှုကား ဤ သင်္ခါရတို့သည် အလိုသို့လိုက်ပါ ၍ ကျင်နာခံခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ မဖြစ်နိုင်ကုန်ရာ "ငါ၏ သင်္ခါရ တို့ သည် ဤသို့ဖြစ် ပလေစေကုန်၊ ငါ၏ သင်္ခါရ တို့သည် ဤသို့ မဖြစ် စေကုန် လင့်" ဤ သို့မိမိတို့အလိုဆန္ဒ အတိုင်း သင်္ခါရတရား တို့၌အ ခွင့်ရနိုင်လေရာ၏။ ချစ်သားရဟန်းတို့စင်စစ် အကြင်သို့သော အ ကြောင်းကြောင့်လျှင်သင်္ခါရတရားတို့သည်အစိုးမရ,အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်းမဖြစ်သော 'အနတ္တ' သဘောရှိချေကုန်၏၊ ထို့ကြောင့် သင်္ခါရ တရားတို့သည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံ ခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ ဖြစ်ကုန်၏ "ငါ၏ သင်္ခါရ တို့ သည် ဤသို့ဖြစ်ပ လေ စေကုန်, ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ် စေကုန်လင့်" ဤသို့ မိမိတို့ အ လိုဆန္ဒအတိုင်း သင်္ခါရ တရားတို့၌အ ခွင့် မရနိုင်။
(၆) ဝိညာဏက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့"သိမှုဝိညာဉ်"သည်အစိုးမရ,အလိုသို့မလိုက်,မိမိ အလိုဆန္ဒအတိုင်း မဖြစ်သော "အနတ"အမှန်ပင်တည်း။ချစ်သား ရဟန်းတို့" သိမှုဝိညာဉ်"အပေါင်း သည်လည်း ဧကန်စစ်စစ် အလို သို့လိုက်သောမိမိအလို ဆန္ဒအတိုင်း ဖြစ်တတ်သော"အတ္တ"သဘော ရှိသည်ဖြစ်ပါမှုကား ဤ ဝိညာဉ် သည်အလိုသို့ လိုက်ပါ၍ ကျင် နာ ခံခက်, နှောက်ယှက်ဖေါက်ပြန်ခြင်းဌာ မဖြစ် လေရာ "ငါ၏ဝိညာဉ် သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝိညာဉ်သည် ဤသို့မ ဖြစ်စေလင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း ဝိညာဉ် တရားအပေါင်း၌အခွင့်ရ နိုင်လေရာ၏။ချစ်သားရဟန်းတို့စင်စစ်အကြင်သို့သောအကြောင်း
ကြောင့် လျှင်ဝိညာဉ်တရားသည်အစိုးမရ,အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်းမဖြစ် သော အနတ္တသဘော ရှိချေကုန်၏၊ ထို့ကြောင့် ဝိညာဉ် တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောက် ယှက် ဖေါက်ပြန်ခြင်းဌာ ဖြစ်၏၊ "ငါ၏ ဝိညာဉ် သည်ဤသို့ ဖြစ်ပလေ စေ၊ ငါ၏ ဝိညာဉ်သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့အလို ဆန္ဒအ တိုင်း ဝိညာဉ်၌ အခွင့် မရနိုင်။

(၇) ရူပက္ခန္ဓာ၌ လက္ခဏာရေး ၃-ပါး
ချစ်သားရဟန်းတို့ ထိုသို့ ငါဘုရားမေးတောမူသောစကားကိုအ ဘယ် သို့မှတ်ထင်ကြကုန်သနည်း၊ ချစ်သားရဟန်းတို့"ရုပ်" တရား သည်မြဲသလော, မမြဲသလော?
ဤသို့ မေးတော်မူသည်ရှိသော်။ ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား "ရုပ်" တရားသည် မမြဲပါ ဘုရား၊ ဤသို့လျှောက်ကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် "မမြဲ", ထိုမမြဲသော ရုပ်တရား သည် ဆင်းရဲသလော, ချမ်းသာသလော?
ဤသို့မေးတောမူသည်ရှိသော်,ဘုန်းတော်ကြီးသောမြတ်စွာဘုရားဆင်း ရဲ ရိုးအမုန်ပါ ဘုရား၊ ဤသို့လျှောက် ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည်မမြဲဆင်းရဲ၏,ဖောက် ပြန်ပြောင်းလဲတတ်သောသဘောရှိ၏၊ ထိုမြဲလည်း မမြဲ,ဆင်းရဲလည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန်ဖြစ်နေသောရုပ်တရားကို"ဤရုပ်တရား ကား ငါပိုင် သော ဥစ္စာတည်း၊ ဤရုပ်တရား ကား ငါဖြစ်၍နေ၏၊ ဤ ရုပ်တရားကား ငါ၏ အလိုသို့လိုက်သော,အလိုဆန္ဒအတိုင်းဖြစ်တတ် သော "အတ္တ" တည်း။ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့် လျောလျောက်ပတ် ပါမည် လော?
ဤသို့ မေးတော်မူသည် ရှိသော်, ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့စွဲလမ်း ထင်မြင်ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား,ဤ သို့လျှောက် ထား ကြကုန်၏။

(၈) နာမက္ခန္ဓာ ၄- ပါး၌ လက္ခဏာရေး ၃-ပါး
ချစ်သားရဟန်းတို့ "ခံစားမှု" ဝေဒနာ အပေါင်းသည်လည်း 'မြဲ သလော, မမြဲသလော' ?
ဤသို့ မေးတော်မူသည် ရှိသော ဘုန်းတော်ကြီးသောမြတ်စွာ ဘုရား 'မမြဲပါ' ဘုရား ဤသို့လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်" ဝေဒနာ" တရားသည် 'မမြဲ'၊ ထိုမ မြဲသော ဝေဒနာ တရားသည် ဆငိးရဲသလော, ချမ်းသာ သလော?
ဤသို့မေးတော်မူ သည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဆင်းရဲရိုးအမှန်ပါ ဘုရား, ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် ဝေဒနာ တရားသည် မမြဲ, ဆင်းရဲ၏ ,ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏၊ ထိုသို့ မြဲလည်းမမြဲ ,ဆင်း ရဲလည်း ဆင်းရဲ, ဖောက်လွဲ ဖောက်ပြန်ဖြစ်နေသော ဝေဒနာ တရားကို " ဤ ဝေဒနာ တရားကား ငါပိုင်သော ဥစ္စာ, ဤ ဝေဒနာ တရားကား "ငါ" ဖြစ်၍နေ၏, ဤ ဝေဒနာ တရားကား ငါ၏ အလိုသို့ လိုက်သောအလို ဆန္ဒအတိုင်းဖြစ်တတ် သော "အတ္တ တည်း" ဤ သို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့်လျော် လျှောက်ပတ်ပါ မည်လော?
ဤသို့ မေးတော်မူသည် ရှိသော, ဘုန်းတော် ကြီးသော မြတ် စွာဘုရား ဤသို့စွဲလမ်းထင်မြင်ရှုဆင်ခြင်ခြင်းသည် မသင့်ပါ ဘုရား, ဤသို့ လျှောက် ထား ကြကုန်၏။
ချစ်သားရဟန်းတို့ ' မှတ်သားမူ သညာ ' အပေါင်းသည် မြဲသ လော, မမြဲသလော?
ဤသို့မေးသည်ရှိသော်- ဘုန်းတော်ကြီးသော မြတ်စွာဘုရား 'မ မြဲပါ' ဘုရား ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သညာ တရားသည် မမြဲ၊ ထိုမမြဲ သောသ ညာ တရားသည် ဆင်းရဲသလော, ချမ်းသာသလော ?
ဤသို့ မေးတော်မူ သည် ရှိသော်- ဘုန်းတော်ကြီးသောမြတ် စွာဘုရား 'ဆင်းရဲရိုး အမှန်ပါဘုရား'ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သညာ တရားသည် မမြဲ, ဆင်းရဲ၏, ဖောက် ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုသို့ မြဲလည်း မမြဲ ,ဆင်းရဲ လည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်နေသော သညာ တရားကို " ဤသညာတ ရားကား ငါပိုင်သော ဥစ္စာတည်း၊ ဤသ ညာတရားကား ငါ ဖြစ်၍နေ၏၊ ဤ သညာ တရားကား ငါ ၏အလို သို့ လိုက်သော အလိုဆန္ဒအတိုင်း ဖြစ်တတ် သော "အတ္တ တည်း"၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့်လျော် လျှောက်ပတ် ပါမည်လော ?
ဤသို့ မေးတော်မူသည် ရှိသော ဘုန်းတော်ကြီး သော မြတ်စွာ ဘုရား ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါ ဘုရား၊ ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ "ပြုပြင်စီရင် သင်္ခါရ "အပေါင်းတို့သည် မြဲသ လော, မမြဲကုန်သလော?
ဤသို့ မေးတော်မူသည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား- မမြဲပါ ဘုရား၊ ဤသို့လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့အကြင်သင်္ခါရ တရားသည်မမြဲ,ထိုမမြဲ သော သင်္ခါရ တရား သည်ဆင်းရဲသလော ချမ်းသာသလော?
ဤသို့ မေးတောမူသည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘု ရား ဆင်းရဲရိုး အမှန်ပါ ဘုရား ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သင်္ခါရတရားသည်မမြဲ,ဆင်းရဲ၏ ,ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုသို့ မြဲလည်း မ မြဲ, ဆင်းရဲ လည်းဆင်း ရဲ, ဖောက်လွဲ ဖောက်ပြန် ဖြစ်နေသော သင်္ခါ ရတရားကို "ဤ သင်္ခါရ တရား ကား ငါပိုင်သော ဥစ္စာတည်၊ ဤသင်္ခါ ရ တရားကား ငါဖြစ်၍ နေ၏၊ဤသင်္ခါရ တရားကား ငါ၏ အလိုသို့ လိုက်သော အလိုဆန္ဒ အတိုင်း ဖြစ် တတ်သော "အတ္တတည်း" ဤ သို့ စွဲလမ်း ထင်မြင်ရှုဆင်ခြင်ခြင်းဌာ သင့်လျော်လျောက် ပတ်ပါ မည်လော?။
ဤသို့ မေးတော် မူသည်ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား ဤသို့လျှောက်ထား ကြကုန်၏။
ချစ်သားရဟန်းတို့ "သိမှု ဝိညာဉ်" အပေါင်းသည် မြဲသလော, မမြဲသလော?
ဤသို့ မေးသည် ရှိသော ဘုန်းတော်ကြီးသော မြတ်စွာဘုရား, မမြဲပါ ဘုရား၊ ဤသို့ လျှောက်ထားကြ၏။ ချစ်သားရဟန်းတို့ အကြင် ဝိညာဉ်တရား သည်မမြဲ, ထိုမမြဲသောဝိညာဉ် တရားသည်ဆင်းရဲ သ လော, ချမ်းသာသ လော?  ဤသို့ မေးတော်မူသည် ရှိသော- ဘုန်း တော်ကြီးသောမြတ်စွာဘုရားဆင်းရဲရိုးအမှန်ပါဘုရား၊ဤသို့လျှောက် ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် ဝိညာဉ် တရားသည် မမြဲ, ဆင်းရဲ ၏,ဖောက် ပြန် ပြောင်းလဲ တတ်သော သဘောရှိ၏၊ ထိုသို့ မြဲလည်း မမြဲ, ဆင်းရဲ လည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်နေသော ဝိ ညာဉ် တရားကို "ဤဝိညာဉ်တ ရားကား ငါပိုင်သော ဥစ္စာတည်း၊ ဤ ဝိညာဉ်တရားကား ငါ ဖြစ်၍နေ၏၊ ဤ ဝိညာဉ် တရားကား ငါ၏ အ လိုသို့ လိုက်သော, အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော"အတ္တတည်း" ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းဌာသင့်လျော်လျှောက်ပတ် ပါမည်လော?
ဤသို့ မေးတောမူသည်ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား, ဤသို့လျှောက် ထား ကြ၏။

(၉) ရုပ် တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ ထို "မမြဲ" မှုသဘော, "ဆင်းရဲ" မှုသဘော, "အလိုမ လိုက်" မှုသဘောတို့၏ ပေါလောကြီး ထင်ရှား၍ နေသော ကြောင့် "လွန်လေ ပြီးသော- အတိတ်ကာလ," "လာလတ္တံသော- အနာဂတ်ကာလ", "ယခုမျက် မှောက်- ပစ္စုပ္ပန် ကာလ" ၌ ဖြစ်သော အကြင် အလုံးစုံသော'ရုပ်'တရားသည် လည်းကောင်း၊ မိမိအတွင်း သန္တန်၌ဖြစ်သော 'ရုပ်' တရားသည် လည်းကောင်း၊ အပသန္တာန် ၌ဖြစ်သော 'ရုပ်'တရား သည်လည်းကောင်း၊ ကြမ်းတမ်းသော 'ရုပ်' တရားသည် လည်းကောင်း၊ သိမ်မွေ့သော 'ရုပ်'တရားသည် လည်း ကောင်း၊ ယုတ်ညံ့သော 'ရုပ်တရား သည်လည်းကောင်း၊ မြင့်မြတ် သော 'ရုပ်' တရား သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော 'ရုပ်'တရား သည် လည်းကောင်း၊ အကြင် အနီး ၌ ဖြစ်သော 'ရုပ်' တရား သည်လည်းကောင်း၊ ရုပ် ပေါင်းများထွေ ရှိကြလေ၏။ ခပ် သိမ်း အလုံးစုံသော ထို ရုပ် ဟူသမျှသည်-
"ငါပိုင် ဥစ္စာ မဟုတ်၊ ထို ရုပ် အပေါင်းသည် ငါဖြစ်၍ နေသည် မဟုတ်၊ ထို ရုပ် အပေါင်းသည်ငါ၏ အလိုသို့ လိုက်သော အလို ဆန္ဒ အတိုင်းဖြစ်တတ် သော အတ္တ မဟုတ်။"ဤသို့ဆိုအပ်ခဲ့ပြီးသောနည်း ဖြင့် ထိုခပ်သိမ်း ရုပ် ဟူ သမျှ အလုံးစုံကို မဖေါက်မပြန်ဟုတ်မှန် သော အတိုင်းရုပ်ခဲ, နာမ်ခဲ- ဖြိုခွဲ ဖေါက်ထွင်း ဝိပသနာညာဏ် အလင်း ဖြင့် ရှုဆင်ခြင်အပ်၏။

(၁၀)-  ဝေဒနာ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုကြည့် အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ, လာလ တ္တံသော အနာဂတ်ကာလ, ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ, ၌ဖြစ် သော ဝေဒနာ- အ ကြင် အလုံးစုံသော ဝေဒနာ တရားသည်လည်း ကောင်း၊ မိမိ အတွင်း သန္တာန် ၌ ဖြစ်သော ဝေဒနာ သည်လည်း ကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာ သည်လည်းကောင်း၊ကြမ်း တမ်းသော ဝေဒနာ သည်လည်းကောင်း၊ သိမ်မွေ့သော ဝေဒနာ သည်လည်းကောင်း၊ ယုတ်ညံ့သော ဝေဒနာ သည်လည်း ကောင်း၊ မြင့်မြတ်သော ဝေဒနာ သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ် သောဝေဒနာ သည်လည်းကောင်း၊ အကြင် အနီး၌ ဖြစ်သောဝေဒနာ သည် လည်း ကောင်း၊ ဝေဒနာ များထွေ ရှိကြလေ၏။ ခပ် သိမ်း အလုံးစုံသော ဝေဒ နာ, ထိုဝေဒနာ ဟူသမျှသည် "ငါ ပိုင် ဥစ္စာမ ဟုတ်၊ ထိုဝေဒနာ အပေါင်းသည် ငါ ဖြစ်၍နေသည် မဟုတ်၊ ထို ဝေဒနာ အပေါင်းသည် ငါ၏ အလိုသို့ လိုက် သော အလိုဆန္ဒအ တိုင်း ဖြစ်တတ်သော အတ္တ မဟုတ်။ ဤသို့ ဆိုအပ် ခဲ့ပြီးသော နည်းဖြင့် ထိုခပ်သိမ်းသော ဝေဒနာ ဟူသမျှ အလုံးစုံကို မဖေါက်မ ပြန် ဟုတ်သောအတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲ ဖေါက်ထွင်း ဝိပသနာ ညာဏ်အ လင်းဖြင့် ရှုဆင်ခြင်အပ်၏။

(၁၁) သညာ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုကြည့် အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ,လာလတ္တံ့ သောအနာဂတ်ကာလ, ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံး စုံသော "သညာ"တရားလည်းကောင်း၊ မိမိ အတွင်း သန္တာန်၌ ဖြစ်သော "သ ညာ"သည်လည်းကောင်း၊ အပ သန္တာန်၌ ဖြစ်သော "သညာ" သည်လည်းကောင်း၊ ကြမ်းတမ်းသော"သညာ" လည်းကောင်း၊ သိမ်မွေ့သော သညာ သည်လည်းကောင်း၊ ယုတ် ညံ့သော "သညာ"သည်လည်းကောင်း၊ မြင့်မြတ် သော "သညာ"  သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော "သညာ" သည် လည်ကောင်း၊ အကြင် အနီး၌ဖြစ်သော "သညာ" သည်လည်း ကောင်း၊ "သညာ" မျာထွေ ရှိကြလေ၏။ ခပ်သိမ်း အလုံးစုံသော "သညာ"၊ထို"သညာ" ဟူသမျှသည် "ငါပိုင် ဥစ္စာ မဟုတ်၊ ထို"သ ညာ" အပေါင်းသည် ငါ ဖြစ်၍ နေသည် မဟုတ်၊ ထို"သညာ" အ ပေါင်းသည် ငါ ၏လိုသို့ လိုက်သော, အလို ဆန္ဒအတိုင်း ဖြစ်တတ် သော 'အတ္တ' မဟုတ်။ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ထိုခပ် သိမ်း ဥဿုံ သညာ ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန် သော အတိုင်း  ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း "ဝိပဿနာ" ညာဏ် အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(၁၂)-  သင်္ခါရ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလ တ္တံ့သော အနာဂတ်ကာလ၊ ယခု မျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ် သော အကြင်အလုံး စုံသော သင်္ခါရတရားသည်လည်းကောင်း၊ မိမိ အတွင်း သန္တာန်၌ ဖြစ်သော သင်္ခါရ တို့သည်လည်းကောင်း၊ အပ သန္တာန် ၌ဖြစ်သော သင်္ခါရတို့သည်လည်း ကောင်း၊ ကြမ်းတမ်းသော သင်္ခါရ တို့လည်းကောင်း၊ သိမ်မွေ့သော သင်္ခါရ တို့သည်လည်း ကောင်း၊ ယုတ်ညံ့သောသင်္ခါရ တို့သည်လည်းကောင်း၊မြင့်မြတ်သော သင်္ခါရ တို့သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော သင်္ခါရ တို့ သည်လည်းကောင်းအကြင် အနီး၌ ဖြစ်သော သင်္ခါရ တို့သည် လည်ကောင်း၊ သင်္ခါရ များထွေ ရှိကြလေ၏။ ခပ်သိမ်းဥဿုံ အလုံး စုံသော သင်္ခါရ, ထိုသင်္ခါရ ဟူသမျှသည် " ငါပိုင် ဥစ္စာမဟုတ်, ထိုသ င်္ခါရ အပေါင်းတို့သည် ငါ ဖြစ်၍နေ သည် မဟုတ်, ထိုသင်္ခါရအပေါင်း သည် ငါ၏ အလိုသို့ လိုက်သော အလို ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္တမဟုတ်၊ ဤသို့ဆို အပ်ခဲ့ပြီးသော နည်းဖြင့် ထိုခပ်သိမ်း ဥ ဿုံ သင်္ခါရ ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန်သော အတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း" ဝိပဿနာ" ညာဏ် အလင်းဖြင့် ရှုဆင်ခြင် အပ်၏။

(၁၃) ဝိညာဉ် တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ, လာလ တ္တံ့သော အနာဂတ်ကာလ, ယခု မျက်မှောက် ပစ္စုပ္ပန် ကာလ၌ ဖြစ်သောအကြင်အလုံး စုံးသော ဝိညာဉ် တရားသည်လည်းကောင်း၊ မိမိ အတွင်းသန္တာန် ၌ဖြစ်သော ဝိညာဉ် သည်လည်းကောင်း၊ အပ သန္တာန် ၌ဖြစ်သော ဝိညာဉ် သည်လည်း ကောင်း၊ ကြမ်းတမ်း သော ဝိညာဉ် သည်လည်းကောင်း၊ သိမ်မွေ့သော ဝိညာဉ် သည်လည်း ကောင်း၊ ယုတ်ညံ့သော ဝိညာဉ် သည်လည်းကောင်း၊ မြင့်မြတ်သော ဝိညာဉ် သည်လည်ကောင်း၊ အကြင် အဝေး၌ ဖြစ်သောဝိညာဉ်သည် လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ဝိညာဉ်သည်လည်းကောင်း၊ ဝိညာဉ် များထွေ ရှိကြလေ၏၊ ခပ်သိမ်း ဥဿုံ အလုံးစုံ သော ထို ဝိညာဉ် ဟူသမျှသည် " ငါပိုင် ဥစ္စာ မဟုတ်, ထိုဝိညာဉ် အပေါင်း သည် ငါ ဖြစ်၍ နေသည် မဟုတ်, ထိုဝိညာဉ် အပေါင်းသည် ငါ၏ အလိုသို့ လိုက်သော အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော ' အတ္တ ' မဟုတ်။ ဤသို့ ဆိုအပ်ခဲ့ ပြီး သောနည်းဖြင့် ထိုခပ်သိမ်း ဥဿုံ ဝိညာဉ်ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန်သော အတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ညာဏ် အလင်းဖြင့် ရှုဆင် ခြင် အပ်၏။

(၁၄) နိဗ္ဗိန္ဒဉာဏ်မှ စ၍ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ဖြစ်ပုံ
ချစ်သားရဟန်းတို့ ဤသို့ ခန္ဓာ ငါးပါး တို့၌ မမြဲသော အနိစ္စသ ဘော, ဆင်းရဲသော ဒုက္ခသဘော, အစိုးမရသော အနတ္တသဘော ကိုဟောခဲပြီးသော အတိုင်း ပိုင်ပိုင် ထင်ထင်ရှုဆင်ခြင်သည် ရှိသော တရားတို့၌များသောအကြား အမြင် ရှိသော (အရိယ သာဝကော) ငါဘုရား၏ တပည့်မြတ်သည် ရုပ်တရား အစု၌ လည်း အနှစ်သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ ခံစားမှု ဝေဒနာအစု၌လည်း အနှစ် သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ မှတ်မှု,သားမှု သညာ အစု၌ လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ ပြုပြင်မှု သင်္ခါရ အစုတို့၌လည်း အနှစ်သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ အာရုံ သိမှုဝိညာဉ်အစု၌လည်းအနှစ်သာရမတွေ့ဘဲငြီးငွေ့ပျင်းမုန်းလေ၏။
ခန္ဓာပဉ္စက၌ အနှစ်သာရမတွေ့ဘဲငြီးငွေ့ပျင်းမုန်းလေသည်ရှိသော မတွယ် မတာမသာယာဘဲ တဏှာ ကင်းပြတ်လေ၏။ မတွယ်မတာ မသာယာ ဘဲ တဏှာ ကင်းပြတ်မှုကြောင့် ကိလေသာဝဋ် တွင်းမှ လွတ်ကင်း ထွက်မြောက် လေ၏။ ကိလေသာဝဋ် တွင်းမှ လွတ်ကင်း ထွက်မြောက်လေသည် ရှိသော ကျွတ်လေပြီ, လွတ်လေပြီ ဟူ၍ ဟုတ်တိုင်း အမှန်သိသော ညာဏ် သည်ဖြစ် ပေါ်လေ၏။ ဘဝ အသစ် အဖြစ်မစဲ အသစ်အသစ် လဲရ မှုသည် အစ တုံး ၍ ကုန် ဆုံးခဲ လေပြီ။ မြတ်သောအကျင့် ဟူသမျှ တို့ကို ကျင့်သုံးခြင်း ကိစ္စ ပြီးစီး ခဲလေပြီ။ သစ္စာ လေးသွယ်၌ ပြုဖွယ်ဟူသမျှ "မဂ်" ကိစ္စကို ကိစ္စတုံးအောင်လုံး လုံးကြီး ပြုအပ်လေပြီ။ ဤ ပစ္စုပ္ပန် ခန္ဓာအစဉ်မှ တပါးသောခန္ဓာ အစဉ်သည် ကင်းပြတ် ကုန်ကြွေ မရှိချေ၊ ဤသို့ ထွန်းလင်း ထိန်တောက် အသိညာဏ် ပေါ်ပေါက်လေ၏

(၁၅) ပဉ္စဝဂ္ဂီ ရဟန်းများ ရဟန္တာ ဖြစ်ပုံ
ဤ အနတ္တ လက္ခဏသုတ် စကားတောကိုဘုန်းတော်ကြီးသော မြတ် စွာဘုရားသည်အမြင်သန်အောင် ဉာဏ်ရောင် အလင်း ဖွင့်၍ ကျူးရင့်ဟော ကြား တော်မူလေ၏။ ကောဏဍည အမှူငါးဦး အစုအ ဝေး ရှိကုန်သောရဟန်း တို့သည် ထက်သန် ပွင့်လန်း ဝမ်းမြောက် ခြင်း ရှိကုန်သည်ဖြစ်၍ ဘုန်းတော် ကြီးသော မြတ်စွာဘုရား၏ ဟော တော်မူအပ်သော အနတ္တလက္ခဏ သုတ် တော်ကြီးကို ရွှင်လန်းအား ရ နှစ်သက်ကြ လေကုန်သတည်း။ ဂါထာ မဖက် စုဏ္ဏိယသက်သက် ဖြစ်သော ဤ အနတ္တလက္ခဏ သုတ်တော်ကြီးကို ဟော တော်မူအပ် သည် ရှိသော ကောဏဍည အမှူငါးဦး မစုအဝေး ရှိကုန်သောရဟန်း တို့အားရုပ်,နာမ် ခန္ဓာတို့၌ သာယာစွဲငြိခြင်း မရှိဘဲ စီးသွန်းကျလျှော အာသဝေါ တို့မှ စိတ် တို့သည် ကျွတ်လွတ်ကြလေကုန် သတည်း။ ရဟန္တာ ဖြစ်ကြလေကုန် သတည်း။

အနတ္တ လက္ခဏသုတ်သည် နိဋ္ဌိတံ ပြီးပြီ။

No comments:

Post a Comment