Monday, July 30, 2012

အနတ္တလက္ခဏသုတ်

"အနတ္တ လက္ခဏသုတ်"

(၁) အနတ္တ လက္ခဏသုတ် နိဒါန်း
အရှင်မဟာကသပကိုယ်တော်မြတ်ကြီးဘုရား အကျွန်ုပ်အာနန္ဒာသည် ဤသို့လျှောက်ထားလတ္တံ့ သောအတိုင်း ဘုန်းတော်ကြီးသောမြတ်စွာဘုရား၏ ဆည်းကပ်ခရောက်ထံတော်မှောက်မှ ကိုယ်တိုင်ကြား လိုက်ရပါသည်ဘုရား။ တပါးသောအခါ၌မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီးအနီး သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူသည်။ ထိုသို့သ တင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏဍည အမှူးငါးဦး ရဟန်းတို့ကိုခေါ်တော်မူ၏၊ ရဟန်းတို့သည်"အရှင်ဘုရား"ဟု၍မြတ်စွာဘုရားအားလျှောက်ထားကြကုန်၏၊ဘုန်တော်ကြီးသောမြတ်စွာဘု ရားသည် ဤ "အနတ္တလက္ခဏသုတ်" စကားကို မိန့်မြွက်ဟောကြားတော် မူလေသတည်း။

 (၂) ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ     
ချစ်သား ရဟန်းတို့ ရုပ်တရား အပေါင်းသည် အစိုးမရ,အလို သို့မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြင့်သော အနတ္တ အမှန်ပင် တည်း။ ချစ်သားရဟန်းတို့ ရုပ်တရား အပေါင်းသည်လည်း ဧကန် စစ်စစ် အလို သို့လိုက်သောမိမိအလို ဆန္ဒအတိုင်း ဖြစ်တတ်သော "အတ္တ"သဘောရှိသည် ဖြင့်ပါမူကား ဤရုပ်တရားသည်အလိုသို့ လိုက်ပါ၍ ကျင်နာခံခက်နှောင့်ယှက် ဖေါက်ပြန်ခြင်းဌာ မဖြစ်လေရာ "ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ရုပ် သည် ဤသို့ မဖြစ် စေလင့်" ဤသို့ မိမိတို့ ဆန္ဒ အတိုင်း ရုပ်တရား၌ အခွင့်ရ နိုင်လေ ရာ၏။ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သောအကြောင်းကြောင့် လျှင်ရုပ်တရားသည် အစိုးမရ,အလိုသို့ မလိုက်,မိမိအလိုဆန္ဒအတိုင်း မဖြစ် သော "အနတ္တသဘော"ရှိချေ၏၊ ထို့ကြောင့်ရုပ်တရား သည် အလိုသို့မလိုက်ပါ ဘဲကျင်နာခံခက်, နှောက်ယှက်, ဖေါက်ပြန်ခြင်းဌာ ဖြစ်၏။"ငါ၏ ရုပ်သည်ဤ သို့ဖြစ်ပလေစေ၊ ငါ၏ ရုပ်သည်ဤသို့မဖြစ် စေလင့်" ဤသို့ မိမိတို့ ဆန္ဒအ တိုင်း ရုပ်တရား၌ အခွင့် မရနိုင်။

(၃) ဝေဒနာက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ ဝေဒနာ, ခံစားမူဝေဒနာအပေါင်းသည်အစိုး မရ , အလိုသို့ မလိုက်,မိမိ အလိုဆန္ဒ အတိုင်းမဖြစ်သော" အနတ္တ" အမှန်ပင်တည်း။ ချစ်သား ရဟန်းတို့ ခံစားမူ ဝေဒနာ အပေါင်းသည် လည်း ဧကန်စစ်စစ် အလို သို့ လိုက် သောမိမိ အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော "အတ္တ" သဘော ရှိ သည် ဖြစ်ပါမူကား ဤဝေဒနာ သည်အလိုသို့ လိုက်ပါ၍ကျင်နာခံခက်,နှောက် ယှက်, ဖောက်ပြန် ခြင်းဌာ မဖြစ်လေရာ "ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်ပလေ စေ၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒ အတိုင်း ဝေဒနာ တရား၌ အခွင့်ရနိုင် လေရာ၏။ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့် လျှင်ဝေ ဒနာ တရားသည်အစိုး မရ, အလိုသို့ မလိုက်,မိမိအလိုဆန္ဒအတိုင်းမဖြင့်သော "အနတ္တ" သ ဘော ရှိချေ၏၊ ထို့ကြောင့်ဝေဒနာတရားသည်အလိုသို့မလိုက်ပါ ဘဲ ကျင်နာခံခက်, နှောက်ယှက် ဖေါက်ပြန်ခြင်းဌာ ဖြစ်၏၊" ငါ၏ ဝေဒနာ သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွငိ့ မရနိုင်။

(၄) သညာက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ "မှတ်သားမှု သညာ" အပေါင်းသည် အစိုးမ ရ, အလို သို့ မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြစ်သော "အနတ္တ" အမှန်ပင်တည်း။ ချစ်သားရဟန်းတို့ "မှတ်သားမှု သညာ" အပေါင်း သည်လည်း ဧကန် စစ်စစ် အလိုသို့လိုက်သောမိမိအလိုဆန္ဒအတိုင်း ဖြစ်တတ်သော "အတ္တ" သဘော ရှိသည် ဖြစ်ပါမူကားဤ "သညာ" သည်အလိုသို့လိုက်ပါ၍ကျင်နာခံခက်,နှောက် ယှက်ဖောက် ပြန် ခြင်းဌာ မဖြစ်လေရာ" ငါ၏ သညာ သည် ဤသို့ဖြစ်ပလေ စေ၊ ငါ ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။ ချစ်သားရဟန်းတို့ စင်စစ်အ ကြင်သို့သော အကြောင်းကြောင့်လျှင် "သညာ" တရားသည် မစိုး မရ, အလိုသို့ မလိုက်, မိမိ အလိုဆန္ဒ အတိုင်းမ ဖြစ်သော "အ နတ္တ" သဘော ရှိချေ၏၊ ထို့ကြောင့် "သညာ"တရားသည်အလိုသို့မ လိုက် ပါဘဲ ကျင်နာခံခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ ဖြစ်၏၊ "ငါ ၏ "သညာ" သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ "သညာ" သည် ဤသို့ မဖြစ်စေ လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း "သညာ" တရား၌ အခွင့် မရနိုင်။

(၅) သင်္ခါရက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့ ' ပြုပြင်စီရင်မှု' သင်္ခါရ တရားအပေါင်း တို့ သည်အ စိုးမရ, အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်း မဖြစ် သော 'အနတ္တ' အမှန်ပင် တည်း။ချစ်သားရဟန်းတို့ "ပြုပြင်စီရင်မှု သင်္ခါရ" အပေါင်း တို့သည်လည်း ဧကန်စစ်စစ် အလိုသို့လိုက်သော မိမိအ လိုဆန္ဒအ တိုင်း ဖြစ်တတ် သော'အတ္တ' သဘော ရှိကုန်သည် ဖြစ် ကုန်ပါမှုကား ဤ သင်္ခါရတို့သည် အလိုသို့လိုက်ပါ ၍ ကျင်နာခံခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ မဖြစ်နိုင်ကုန်ရာ "ငါ၏ သင်္ခါရ တို့ သည် ဤသို့ဖြစ် ပလေစေကုန်၊ ငါ၏ သင်္ခါရ တို့သည် ဤသို့ မဖြစ် စေကုန် လင့်" ဤ သို့မိမိတို့အလိုဆန္ဒ အတိုင်း သင်္ခါရတရား တို့၌အ ခွင့်ရနိုင်လေရာ၏။ ချစ်သားရဟန်းတို့စင်စစ် အကြင်သို့သော အ ကြောင်းကြောင့်လျှင်သင်္ခါရတရားတို့သည်အစိုးမရ,အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်းမဖြစ်သော 'အနတ္တ' သဘောရှိချေကုန်၏၊ ထို့ကြောင့် သင်္ခါရ တရားတို့သည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံ ခက်, နှောက်ယှက် ဖောက်ပြန်ခြင်းဌာ ဖြစ်ကုန်၏ "ငါ၏ သင်္ခါရ တို့ သည် ဤသို့ဖြစ်ပ လေ စေကုန်, ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ် စေကုန်လင့်" ဤသို့ မိမိတို့ အ လိုဆန္ဒအတိုင်း သင်္ခါရ တရားတို့၌အ ခွင့် မရနိုင်။
(၆) ဝိညာဏက္ခန္ဓာ အနတ္တ ဖြစ်ပုံ
ချစ်သားရဟန်းတို့"သိမှုဝိညာဉ်"သည်အစိုးမရ,အလိုသို့မလိုက်,မိမိ အလိုဆန္ဒအတိုင်း မဖြစ်သော "အနတ"အမှန်ပင်တည်း။ချစ်သား ရဟန်းတို့" သိမှုဝိညာဉ်"အပေါင်း သည်လည်း ဧကန်စစ်စစ် အလို သို့လိုက်သောမိမိအလို ဆန္ဒအတိုင်း ဖြစ်တတ်သော"အတ္တ"သဘော ရှိသည်ဖြစ်ပါမှုကား ဤ ဝိညာဉ် သည်အလိုသို့ လိုက်ပါ၍ ကျင် နာ ခံခက်, နှောက်ယှက်ဖေါက်ပြန်ခြင်းဌာ မဖြစ် လေရာ "ငါ၏ဝိညာဉ် သည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏ ဝိညာဉ်သည် ဤသို့မ ဖြစ်စေလင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း ဝိညာဉ် တရားအပေါင်း၌အခွင့်ရ နိုင်လေရာ၏။ချစ်သားရဟန်းတို့စင်စစ်အကြင်သို့သောအကြောင်း
ကြောင့် လျှင်ဝိညာဉ်တရားသည်အစိုးမရ,အလိုသို့မလိုက်, မိမိအလို ဆန္ဒအတိုင်းမဖြစ် သော အနတ္တသဘော ရှိချေကုန်၏၊ ထို့ကြောင့် ဝိညာဉ် တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောက် ယှက် ဖေါက်ပြန်ခြင်းဌာ ဖြစ်၏၊ "ငါ၏ ဝိညာဉ် သည်ဤသို့ ဖြစ်ပလေ စေ၊ ငါ၏ ဝိညာဉ်သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့အလို ဆန္ဒအ တိုင်း ဝိညာဉ်၌ အခွင့် မရနိုင်။

(၇) ရူပက္ခန္ဓာ၌ လက္ခဏာရေး ၃-ပါး
ချစ်သားရဟန်းတို့ ထိုသို့ ငါဘုရားမေးတောမူသောစကားကိုအ ဘယ် သို့မှတ်ထင်ကြကုန်သနည်း၊ ချစ်သားရဟန်းတို့"ရုပ်" တရား သည်မြဲသလော, မမြဲသလော?
ဤသို့ မေးတော်မူသည်ရှိသော်။ ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား "ရုပ်" တရားသည် မမြဲပါ ဘုရား၊ ဤသို့လျှောက်ကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် "မမြဲ", ထိုမမြဲသော ရုပ်တရား သည် ဆင်းရဲသလော, ချမ်းသာသလော?
ဤသို့မေးတောမူသည်ရှိသော်,ဘုန်းတော်ကြီးသောမြတ်စွာဘုရားဆင်း ရဲ ရိုးအမုန်ပါ ဘုရား၊ ဤသို့လျှောက် ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည်မမြဲဆင်းရဲ၏,ဖောက် ပြန်ပြောင်းလဲတတ်သောသဘောရှိ၏၊ ထိုမြဲလည်း မမြဲ,ဆင်းရဲလည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန်ဖြစ်နေသောရုပ်တရားကို"ဤရုပ်တရား ကား ငါပိုင် သော ဥစ္စာတည်း၊ ဤရုပ်တရား ကား ငါဖြစ်၍နေ၏၊ ဤ ရုပ်တရားကား ငါ၏ အလိုသို့လိုက်သော,အလိုဆန္ဒအတိုင်းဖြစ်တတ် သော "အတ္တ" တည်း။ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့် လျောလျောက်ပတ် ပါမည် လော?
ဤသို့ မေးတော်မူသည် ရှိသော်, ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့စွဲလမ်း ထင်မြင်ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား,ဤ သို့လျှောက် ထား ကြကုန်၏။

(၈) နာမက္ခန္ဓာ ၄- ပါး၌ လက္ခဏာရေး ၃-ပါး
ချစ်သားရဟန်းတို့ "ခံစားမှု" ဝေဒနာ အပေါင်းသည်လည်း 'မြဲ သလော, မမြဲသလော' ?
ဤသို့ မေးတော်မူသည် ရှိသော ဘုန်းတော်ကြီးသောမြတ်စွာ ဘုရား 'မမြဲပါ' ဘုရား ဤသို့လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင်" ဝေဒနာ" တရားသည် 'မမြဲ'၊ ထိုမ မြဲသော ဝေဒနာ တရားသည် ဆငိးရဲသလော, ချမ်းသာ သလော?
ဤသို့မေးတော်မူ သည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဆင်းရဲရိုးအမှန်ပါ ဘုရား, ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် ဝေဒနာ တရားသည် မမြဲ, ဆင်းရဲ၏ ,ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏၊ ထိုသို့ မြဲလည်းမမြဲ ,ဆင်း ရဲလည်း ဆင်းရဲ, ဖောက်လွဲ ဖောက်ပြန်ဖြစ်နေသော ဝေဒနာ တရားကို " ဤ ဝေဒနာ တရားကား ငါပိုင်သော ဥစ္စာ, ဤ ဝေဒနာ တရားကား "ငါ" ဖြစ်၍နေ၏, ဤ ဝေဒနာ တရားကား ငါ၏ အလိုသို့ လိုက်သောအလို ဆန္ဒအတိုင်းဖြစ်တတ် သော "အတ္တ တည်း" ဤ သို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့်လျော် လျှောက်ပတ်ပါ မည်လော?
ဤသို့ မေးတော်မူသည် ရှိသော, ဘုန်းတော် ကြီးသော မြတ် စွာဘုရား ဤသို့စွဲလမ်းထင်မြင်ရှုဆင်ခြင်ခြင်းသည် မသင့်ပါ ဘုရား, ဤသို့ လျှောက် ထား ကြကုန်၏။
ချစ်သားရဟန်းတို့ ' မှတ်သားမူ သညာ ' အပေါင်းသည် မြဲသ လော, မမြဲသလော?
ဤသို့မေးသည်ရှိသော်- ဘုန်းတော်ကြီးသော မြတ်စွာဘုရား 'မ မြဲပါ' ဘုရား ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သညာ တရားသည် မမြဲ၊ ထိုမမြဲ သောသ ညာ တရားသည် ဆင်းရဲသလော, ချမ်းသာသလော ?
ဤသို့ မေးတော်မူ သည် ရှိသော်- ဘုန်းတော်ကြီးသောမြတ် စွာဘုရား 'ဆင်းရဲရိုး အမှန်ပါဘုရား'ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သညာ တရားသည် မမြဲ, ဆင်းရဲ၏, ဖောက် ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုသို့ မြဲလည်း မမြဲ ,ဆင်းရဲ လည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်နေသော သညာ တရားကို " ဤသညာတ ရားကား ငါပိုင်သော ဥစ္စာတည်း၊ ဤသ ညာတရားကား ငါ ဖြစ်၍နေ၏၊ ဤ သညာ တရားကား ငါ ၏အလို သို့ လိုက်သော အလိုဆန္ဒအတိုင်း ဖြစ်တတ် သော "အတ္တ တည်း"၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းဌာ သင့်လျော် လျှောက်ပတ် ပါမည်လော ?
ဤသို့ မေးတော်မူသည် ရှိသော ဘုန်းတော်ကြီး သော မြတ်စွာ ဘုရား ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါ ဘုရား၊ ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ "ပြုပြင်စီရင် သင်္ခါရ "အပေါင်းတို့သည် မြဲသ လော, မမြဲကုန်သလော?
ဤသို့ မေးတော်မူသည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား- မမြဲပါ ဘုရား၊ ဤသို့လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့အကြင်သင်္ခါရ တရားသည်မမြဲ,ထိုမမြဲ သော သင်္ခါရ တရား သည်ဆင်းရဲသလော ချမ်းသာသလော?
ဤသို့ မေးတောမူသည် ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘု ရား ဆင်းရဲရိုး အမှန်ပါ ဘုရား ဤသို့ လျှောက်ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် သင်္ခါရတရားသည်မမြဲ,ဆင်းရဲ၏ ,ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုသို့ မြဲလည်း မ မြဲ, ဆင်းရဲ လည်းဆင်း ရဲ, ဖောက်လွဲ ဖောက်ပြန် ဖြစ်နေသော သင်္ခါ ရတရားကို "ဤ သင်္ခါရ တရား ကား ငါပိုင်သော ဥစ္စာတည်၊ ဤသင်္ခါ ရ တရားကား ငါဖြစ်၍ နေ၏၊ဤသင်္ခါရ တရားကား ငါ၏ အလိုသို့ လိုက်သော အလိုဆန္ဒ အတိုင်း ဖြစ် တတ်သော "အတ္တတည်း" ဤ သို့ စွဲလမ်း ထင်မြင်ရှုဆင်ခြင်ခြင်းဌာ သင့်လျော်လျောက် ပတ်ပါ မည်လော?။
ဤသို့ မေးတော် မူသည်ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား ဤသို့လျှောက်ထား ကြကုန်၏။
ချစ်သားရဟန်းတို့ "သိမှု ဝိညာဉ်" အပေါင်းသည် မြဲသလော, မမြဲသလော?
ဤသို့ မေးသည် ရှိသော ဘုန်းတော်ကြီးသော မြတ်စွာဘုရား, မမြဲပါ ဘုရား၊ ဤသို့ လျှောက်ထားကြ၏။ ချစ်သားရဟန်းတို့ အကြင် ဝိညာဉ်တရား သည်မမြဲ, ထိုမမြဲသောဝိညာဉ် တရားသည်ဆင်းရဲ သ လော, ချမ်းသာသ လော?  ဤသို့ မေးတော်မူသည် ရှိသော- ဘုန်း တော်ကြီးသောမြတ်စွာဘုရားဆင်းရဲရိုးအမှန်ပါဘုရား၊ဤသို့လျှောက် ထားကြကုန်၏။
ချစ်သားရဟန်းတို့ အကြင် ဝိညာဉ် တရားသည် မမြဲ, ဆင်းရဲ ၏,ဖောက် ပြန် ပြောင်းလဲ တတ်သော သဘောရှိ၏၊ ထိုသို့ မြဲလည်း မမြဲ, ဆင်းရဲ လည်း ဆင်းရဲ, ဖောက်လွဲဖောက်ပြန် ဖြစ်နေသော ဝိ ညာဉ် တရားကို "ဤဝိညာဉ်တ ရားကား ငါပိုင်သော ဥစ္စာတည်း၊ ဤ ဝိညာဉ်တရားကား ငါ ဖြစ်၍နေ၏၊ ဤ ဝိညာဉ် တရားကား ငါ၏ အ လိုသို့ လိုက်သော, အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော"အတ္တတည်း" ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းဌာသင့်လျော်လျှောက်ပတ် ပါမည်လော?
ဤသို့ မေးတောမူသည်ရှိသော- ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤသို့ စွဲလမ်း ထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား, ဤသို့လျှောက် ထား ကြ၏။

(၉) ရုပ် တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ ထို "မမြဲ" မှုသဘော, "ဆင်းရဲ" မှုသဘော, "အလိုမ လိုက်" မှုသဘောတို့၏ ပေါလောကြီး ထင်ရှား၍ နေသော ကြောင့် "လွန်လေ ပြီးသော- အတိတ်ကာလ," "လာလတ္တံသော- အနာဂတ်ကာလ", "ယခုမျက် မှောက်- ပစ္စုပ္ပန် ကာလ" ၌ ဖြစ်သော အကြင် အလုံးစုံသော'ရုပ်'တရားသည် လည်းကောင်း၊ မိမိအတွင်း သန္တန်၌ဖြစ်သော 'ရုပ်' တရားသည် လည်းကောင်း၊ အပသန္တာန် ၌ဖြစ်သော 'ရုပ်'တရား သည်လည်းကောင်း၊ ကြမ်းတမ်းသော 'ရုပ်' တရားသည် လည်းကောင်း၊ သိမ်မွေ့သော 'ရုပ်'တရားသည် လည်း ကောင်း၊ ယုတ်ညံ့သော 'ရုပ်တရား သည်လည်းကောင်း၊ မြင့်မြတ် သော 'ရုပ်' တရား သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော 'ရုပ်'တရား သည် လည်းကောင်း၊ အကြင် အနီး ၌ ဖြစ်သော 'ရုပ်' တရား သည်လည်းကောင်း၊ ရုပ် ပေါင်းများထွေ ရှိကြလေ၏။ ခပ် သိမ်း အလုံးစုံသော ထို ရုပ် ဟူသမျှသည်-
"ငါပိုင် ဥစ္စာ မဟုတ်၊ ထို ရုပ် အပေါင်းသည် ငါဖြစ်၍ နေသည် မဟုတ်၊ ထို ရုပ် အပေါင်းသည်ငါ၏ အလိုသို့ လိုက်သော အလို ဆန္ဒ အတိုင်းဖြစ်တတ် သော အတ္တ မဟုတ်။"ဤသို့ဆိုအပ်ခဲ့ပြီးသောနည်း ဖြင့် ထိုခပ်သိမ်း ရုပ် ဟူ သမျှ အလုံးစုံကို မဖေါက်မပြန်ဟုတ်မှန် သော အတိုင်းရုပ်ခဲ, နာမ်ခဲ- ဖြိုခွဲ ဖေါက်ထွင်း ဝိပသနာညာဏ် အလင်း ဖြင့် ရှုဆင်ခြင်အပ်၏။

(၁၀)-  ဝေဒနာ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုကြည့် အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ, လာလ တ္တံသော အနာဂတ်ကာလ, ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ, ၌ဖြစ် သော ဝေဒနာ- အ ကြင် အလုံးစုံသော ဝေဒနာ တရားသည်လည်း ကောင်း၊ မိမိ အတွင်း သန္တာန် ၌ ဖြစ်သော ဝေဒနာ သည်လည်း ကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာ သည်လည်းကောင်း၊ကြမ်း တမ်းသော ဝေဒနာ သည်လည်းကောင်း၊ သိမ်မွေ့သော ဝေဒနာ သည်လည်းကောင်း၊ ယုတ်ညံ့သော ဝေဒနာ သည်လည်း ကောင်း၊ မြင့်မြတ်သော ဝေဒနာ သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ် သောဝေဒနာ သည်လည်းကောင်း၊ အကြင် အနီး၌ ဖြစ်သောဝေဒနာ သည် လည်း ကောင်း၊ ဝေဒနာ များထွေ ရှိကြလေ၏။ ခပ် သိမ်း အလုံးစုံသော ဝေဒ နာ, ထိုဝေဒနာ ဟူသမျှသည် "ငါ ပိုင် ဥစ္စာမ ဟုတ်၊ ထိုဝေဒနာ အပေါင်းသည် ငါ ဖြစ်၍နေသည် မဟုတ်၊ ထို ဝေဒနာ အပေါင်းသည် ငါ၏ အလိုသို့ လိုက် သော အလိုဆန္ဒအ တိုင်း ဖြစ်တတ်သော အတ္တ မဟုတ်။ ဤသို့ ဆိုအပ် ခဲ့ပြီးသော နည်းဖြင့် ထိုခပ်သိမ်းသော ဝေဒနာ ဟူသမျှ အလုံးစုံကို မဖေါက်မ ပြန် ဟုတ်သောအတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲ ဖေါက်ထွင်း ဝိပသနာ ညာဏ်အ လင်းဖြင့် ရှုဆင်ခြင်အပ်၏။

(၁၁) သညာ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှုကြည့် အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ,လာလတ္တံ့ သောအနာဂတ်ကာလ, ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံး စုံသော "သညာ"တရားလည်းကောင်း၊ မိမိ အတွင်း သန္တာန်၌ ဖြစ်သော "သ ညာ"သည်လည်းကောင်း၊ အပ သန္တာန်၌ ဖြစ်သော "သညာ" သည်လည်းကောင်း၊ ကြမ်းတမ်းသော"သညာ" လည်းကောင်း၊ သိမ်မွေ့သော သညာ သည်လည်းကောင်း၊ ယုတ် ညံ့သော "သညာ"သည်လည်းကောင်း၊ မြင့်မြတ် သော "သညာ"  သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော "သညာ" သည် လည်ကောင်း၊ အကြင် အနီး၌ဖြစ်သော "သညာ" သည်လည်း ကောင်း၊ "သညာ" မျာထွေ ရှိကြလေ၏။ ခပ်သိမ်း အလုံးစုံသော "သညာ"၊ထို"သညာ" ဟူသမျှသည် "ငါပိုင် ဥစ္စာ မဟုတ်၊ ထို"သ ညာ" အပေါင်းသည် ငါ ဖြစ်၍ နေသည် မဟုတ်၊ ထို"သညာ" အ ပေါင်းသည် ငါ ၏လိုသို့ လိုက်သော, အလို ဆန္ဒအတိုင်း ဖြစ်တတ် သော 'အတ္တ' မဟုတ်။ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ထိုခပ် သိမ်း ဥဿုံ သညာ ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန် သော အတိုင်း  ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း "ဝိပဿနာ" ညာဏ် အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(၁၂)-  သင်္ခါရ တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလ တ္တံ့သော အနာဂတ်ကာလ၊ ယခု မျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ် သော အကြင်အလုံး စုံသော သင်္ခါရတရားသည်လည်းကောင်း၊ မိမိ အတွင်း သန္တာန်၌ ဖြစ်သော သင်္ခါရ တို့သည်လည်းကောင်း၊ အပ သန္တာန် ၌ဖြစ်သော သင်္ခါရတို့သည်လည်း ကောင်း၊ ကြမ်းတမ်းသော သင်္ခါရ တို့လည်းကောင်း၊ သိမ်မွေ့သော သင်္ခါရ တို့သည်လည်း ကောင်း၊ ယုတ်ညံ့သောသင်္ခါရ တို့သည်လည်းကောင်း၊မြင့်မြတ်သော သင်္ခါရ တို့သည်လည်းကောင်း၊ အကြင် အဝေး၌ ဖြစ်သော သင်္ခါရ တို့ သည်လည်းကောင်းအကြင် အနီး၌ ဖြစ်သော သင်္ခါရ တို့သည် လည်ကောင်း၊ သင်္ခါရ များထွေ ရှိကြလေ၏။ ခပ်သိမ်းဥဿုံ အလုံး စုံသော သင်္ခါရ, ထိုသင်္ခါရ ဟူသမျှသည် " ငါပိုင် ဥစ္စာမဟုတ်, ထိုသ င်္ခါရ အပေါင်းတို့သည် ငါ ဖြစ်၍နေ သည် မဟုတ်, ထိုသင်္ခါရအပေါင်း သည် ငါ၏ အလိုသို့ လိုက်သော အလို ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္တမဟုတ်၊ ဤသို့ဆို အပ်ခဲ့ပြီးသော နည်းဖြင့် ထိုခပ်သိမ်း ဥ ဿုံ သင်္ခါရ ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန်သော အတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း" ဝိပဿနာ" ညာဏ် အလင်းဖြင့် ရှုဆင်ခြင် အပ်၏။

(၁၃) ဝိညာဉ် တရားကို တဏှာ, မာန, ဒိဋ္ဌိ ဂါဟ တို့ဖြင့် မရှု ကြည့်အပ်ပုံ
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ, လာလ တ္တံ့သော အနာဂတ်ကာလ, ယခု မျက်မှောက် ပစ္စုပ္ပန် ကာလ၌ ဖြစ်သောအကြင်အလုံး စုံးသော ဝိညာဉ် တရားသည်လည်းကောင်း၊ မိမိ အတွင်းသန္တာန် ၌ဖြစ်သော ဝိညာဉ် သည်လည်းကောင်း၊ အပ သန္တာန် ၌ဖြစ်သော ဝိညာဉ် သည်လည်း ကောင်း၊ ကြမ်းတမ်း သော ဝိညာဉ် သည်လည်းကောင်း၊ သိမ်မွေ့သော ဝိညာဉ် သည်လည်း ကောင်း၊ ယုတ်ညံ့သော ဝိညာဉ် သည်လည်းကောင်း၊ မြင့်မြတ်သော ဝိညာဉ် သည်လည်ကောင်း၊ အကြင် အဝေး၌ ဖြစ်သောဝိညာဉ်သည် လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ဝိညာဉ်သည်လည်းကောင်း၊ ဝိညာဉ် များထွေ ရှိကြလေ၏၊ ခပ်သိမ်း ဥဿုံ အလုံးစုံ သော ထို ဝိညာဉ် ဟူသမျှသည် " ငါပိုင် ဥစ္စာ မဟုတ်, ထိုဝိညာဉ် အပေါင်း သည် ငါ ဖြစ်၍ နေသည် မဟုတ်, ထိုဝိညာဉ် အပေါင်းသည် ငါ၏ အလိုသို့ လိုက်သော အလိုဆန္ဒ အတိုင်း ဖြစ်တတ်သော ' အတ္တ ' မဟုတ်။ ဤသို့ ဆိုအပ်ခဲ့ ပြီး သောနည်းဖြင့် ထိုခပ်သိမ်း ဥဿုံ ဝိညာဉ်ဟူသမျှ အလုံးစုံကို မဖောက်မပြန် ဟုတ်မှန်သော အတိုင်း ရုပ်ခဲ,နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာ ညာဏ် အလင်းဖြင့် ရှုဆင် ခြင် အပ်၏။

(၁၄) နိဗ္ဗိန္ဒဉာဏ်မှ စ၍ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ဖြစ်ပုံ
ချစ်သားရဟန်းတို့ ဤသို့ ခန္ဓာ ငါးပါး တို့၌ မမြဲသော အနိစ္စသ ဘော, ဆင်းရဲသော ဒုက္ခသဘော, အစိုးမရသော အနတ္တသဘော ကိုဟောခဲပြီးသော အတိုင်း ပိုင်ပိုင် ထင်ထင်ရှုဆင်ခြင်သည် ရှိသော တရားတို့၌များသောအကြား အမြင် ရှိသော (အရိယ သာဝကော) ငါဘုရား၏ တပည့်မြတ်သည် ရုပ်တရား အစု၌ လည်း အနှစ်သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ ခံစားမှု ဝေဒနာအစု၌လည်း အနှစ် သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ မှတ်မှု,သားမှု သညာ အစု၌ လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ ပြုပြင်မှု သင်္ခါရ အစုတို့၌လည်း အနှစ်သာရ မတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏၊ အာရုံ သိမှုဝိညာဉ်အစု၌လည်းအနှစ်သာရမတွေ့ဘဲငြီးငွေ့ပျင်းမုန်းလေ၏။
ခန္ဓာပဉ္စက၌ အနှစ်သာရမတွေ့ဘဲငြီးငွေ့ပျင်းမုန်းလေသည်ရှိသော မတွယ် မတာမသာယာဘဲ တဏှာ ကင်းပြတ်လေ၏။ မတွယ်မတာ မသာယာ ဘဲ တဏှာ ကင်းပြတ်မှုကြောင့် ကိလေသာဝဋ် တွင်းမှ လွတ်ကင်း ထွက်မြောက် လေ၏။ ကိလေသာဝဋ် တွင်းမှ လွတ်ကင်း ထွက်မြောက်လေသည် ရှိသော ကျွတ်လေပြီ, လွတ်လေပြီ ဟူ၍ ဟုတ်တိုင်း အမှန်သိသော ညာဏ် သည်ဖြစ် ပေါ်လေ၏။ ဘဝ အသစ် အဖြစ်မစဲ အသစ်အသစ် လဲရ မှုသည် အစ တုံး ၍ ကုန် ဆုံးခဲ လေပြီ။ မြတ်သောအကျင့် ဟူသမျှ တို့ကို ကျင့်သုံးခြင်း ကိစ္စ ပြီးစီး ခဲလေပြီ။ သစ္စာ လေးသွယ်၌ ပြုဖွယ်ဟူသမျှ "မဂ်" ကိစ္စကို ကိစ္စတုံးအောင်လုံး လုံးကြီး ပြုအပ်လေပြီ။ ဤ ပစ္စုပ္ပန် ခန္ဓာအစဉ်မှ တပါးသောခန္ဓာ အစဉ်သည် ကင်းပြတ် ကုန်ကြွေ မရှိချေ၊ ဤသို့ ထွန်းလင်း ထိန်တောက် အသိညာဏ် ပေါ်ပေါက်လေ၏

(၁၅) ပဉ္စဝဂ္ဂီ ရဟန်းများ ရဟန္တာ ဖြစ်ပုံ
ဤ အနတ္တ လက္ခဏသုတ် စကားတောကိုဘုန်းတော်ကြီးသော မြတ် စွာဘုရားသည်အမြင်သန်အောင် ဉာဏ်ရောင် အလင်း ဖွင့်၍ ကျူးရင့်ဟော ကြား တော်မူလေ၏။ ကောဏဍည အမှူငါးဦး အစုအ ဝေး ရှိကုန်သောရဟန်း တို့သည် ထက်သန် ပွင့်လန်း ဝမ်းမြောက် ခြင်း ရှိကုန်သည်ဖြစ်၍ ဘုန်းတော် ကြီးသော မြတ်စွာဘုရား၏ ဟော တော်မူအပ်သော အနတ္တလက္ခဏ သုတ် တော်ကြီးကို ရွှင်လန်းအား ရ နှစ်သက်ကြ လေကုန်သတည်း။ ဂါထာ မဖက် စုဏ္ဏိယသက်သက် ဖြစ်သော ဤ အနတ္တလက္ခဏ သုတ်တော်ကြီးကို ဟော တော်မူအပ် သည် ရှိသော ကောဏဍည အမှူငါးဦး မစုအဝေး ရှိကုန်သောရဟန်း တို့အားရုပ်,နာမ် ခန္ဓာတို့၌ သာယာစွဲငြိခြင်း မရှိဘဲ စီးသွန်းကျလျှော အာသဝေါ တို့မှ စိတ် တို့သည် ကျွတ်လွတ်ကြလေကုန် သတည်း။ ရဟန္တာ ဖြစ်ကြလေကုန် သတည်း။

အနတ္တ လက္ခဏသုတ်သည် နိဋ္ဌိတံ ပြီးပြီ။

ပုဏ္ဏောဝါဒ ကမ္မဋ္ဌာန်းကျမ်း (ဓာတ်ကြီးလေးပါး)



ပုဏ္ဏောဝါဒ ကမ္မဋ္ဌာန်းကျမ်း
အဂ္ဂမဟာပဏ္ဍိတ အသျှင်ဥာဏဓဇ(ပထမ လယ်တီ ဆရာတော် ဘုရားကြီး)
"ဥဒ္ဒေသ"
၁။ ဤကိုယ်သည် ဓာတ်ကြီးလေးပါး ဟုဆိုအပ်သော မဟာဘုတ်တို့၏ အပေါင်းအစု သည်ဖြစ်၏။
၂။ ခြောက်မျိုးသော အကြည် အလင်း အတွင်းဓာတ်နုတို့ဖြင့် ပြည့်၏။
၃။ ရှစ်မျိုးသော ဓာတ်မီးတို့သည် အမြဲ အုပ်စိုးအပ်၏။
၎။ ငါးမျိုးသောဓာတ်ဆီတို့သည် စောင့်အပ်၏။ ထောက်ပံ့အပ်၏။
၅။ ဖြစ်ပွားသမျှသော ဓာတ်ကြမ်း၊ဓာတ်နုတို့ကို အမြဲပုံသေ စား၍နေသောတစ်ခုသော     ဓာတ် ဘီလူးသည် အုပ်စိုး၏။
၆။ ထို့ဓာတ်ဘီးလူးတို့၏ အပင်းအသင်းတို့သည်ကား အသိန်းမက မျာပြားကုန်၏။
ဥဒ္ဒေသော အကျည်းတည်း။

"နိဒ္ဒေသ"

မဟာဘုတ်တို့၏ အပေါင်းအစု
အကျယ်မူကား ဤကိုယ်အလုံးကို လေးပုံလေးစု ပြုအပ်သည်ရှိသော ပထဝီ-မြေကြီး တစု၊အာပေါ-ရေတစု၊ တေဇော-မီးတစု၊ဝါယော-လေတစု ဤသို့လေးပုံလေး စုဖြစ်၏။ ထိုလေးစုတို့တွင် -
၁။ အနု၊အကြမ်း စမ်း၍သိရသော အမှုသည် ပထဝီ-မြေကြီး အစုတည်း။
၂။ စိုစွတ်စေးတွဲ သောအမှုသည် အာပေါ-ရေအစုတည်း။
၃။ အေးမှု,နွေးမှုသည် တေဇော-မီးအစုတည်း။
၎။ လျော့ရဲ,တောင့်တင်း,ထောက်ခံခြင်း အမှုသည် ဝါယော-လေအစုတည်း။

မြေအစု (ပထဝီ)
မြေသည်သိလာပထဝီ လည်းကောင်း၊ ပံသုပထဝီလည်းကောင်း ဤသို့နှစ်ပါးအပြား ရှိ၏။ နှစ်ဆယ် သောခြေသည်း၊ လက်သည်းတို့သည်လည်းကောင်း၊ သုံးဆယ့်နှစ်ချောင်းသော သွားအရိုးတို့သည် လည်း ကောင်း၊ သုံးရာမျှသော အရိုးကြီးငယ်တို့သည်လည်းကောင်း သိလာပထဝီ တို့သာတည်း။ ကျောက်မြေတို့ သာတည်း။ ဤသုံးရာငါး ဆယ်မျှသော ကျောက်စု ကျောက်ခဲတို့သည် စင်စစ်အားဖြင့် မြေဓာတ် အစုတို့သာ တည်း။ သတ္တဝါ မဟုတ်ကုန်။ အရှင် မဟုတ်ကုန်၊ သိမှု,ကြံမှု မရှိကုန်။
ဆံပင်တို့လည်းကောင်း၊ မွေးညှင်းတို့ လည်းကောင်း၊ အရေ လည်းကောင်း၊ ကိုးရာ သောအသားစိုင် အသားခဲလည်းကောင်း၊ ကိုးရာသောအကြောကြီး၊ အကြောငယ်တို့လည်းကောင်း၊ ရိုးတွင်းခြင်ဆီစုလည်း ကောင်း၊ နှလုံးခ၊ အသဲခဲ၊ အတွင်းအမြှေးလွှာ၊ အ ပြင်အမြှေးလွှာ၊ အဖျဉ်းခ၊အဆုပ်ခ၊ အူမလွှာ၊ အူနှအူသိမ်၊ အစာစိမ်း၊ အစာကျက်၊ ဦးနှောက်ခဲလည်းကောင်း ဤမြေတို့သည် ပံသုပထဝီ၊ ရွှံ့မြေ၊ ညွန်မြေ၊ အမှုန့်မြေ တို့သာတည်း။ သတ္တဝါမဟုတ်ကုန်၊ အရှင်မဟုတ်ကုန် ၊ ကြံသိမှု မရှိကုန်။ထိုအလုံးစုံသည် ကံမှဖြစ်သောမြေ၊ စိတ်မှဖြစ်သောမြေ၊ ဓာတ်မီးမှဖြစ်သောမြေ၊ ဓာတ်ဆီမှဖြစ်သောမြေ ဟူ၍လေးပါးအပြား ရှိ၏။ ငရဲကောင်၊ ပြိတ္တာကောင်၊ အသူရကာယ်ကောင်၊ တိရစ္ဆာန်ကောင် ဖြစ်၍နေသောမြေ စိုင်မြေခဲစုသည် ကြမ်းတမ်း၏။ လူကောင်သဏ္ဌာန်ဖြစ်၍နေသောမြေစိုင်မြေခဲစုသည်သိမ်မွေ့နူးညံ့၏။ ဆိုဖွယ်အထူးကားထို စတုမဟာရာဇ် နတ်မြေစုတွင် ဘူမဇိုဝ်ခေါ်သောမြေစိုင်မြေခဲစုတို့သည်ရှိကုန်၏၊ ထိုဘူမဇိုဝ်ဟူသော မြေစိုင် မြေခဲစုတို့တွင် အချို့ကုန်သော ဘုန်းကံမဲ့ကုန်သော နတ်ဆိုး၊ နတ်ဝါး၊ အစိန်းသရဲ၊ တဇ္ဇေ၊ မှင်စာစသော အသူရာခေါ်ရ သော ဒုက္ခိတဘူမ ဇိုဝ်မြေစိုင်မြေခဲစုတို့သည်ကားမြေကြမ်းတို့ပင်ဖြစ်ကုန်၏။
ထိုစတုမဟာရာဇ်နတ်ကောင်ဖြစ်ကုန်သော မြေစုထက်တာဝတိံသာနတ်ခေါ်ရ သောမြေစိုင်မြေခဲ စုသည်သိမ်မွေ့နူးညံ့၏၊ ဤအတူအကနိဋ္ဌာဗြဟ္မာမင်းကြီးဟုခေါ်ရသော မြေစိုင်မြေခဲစုတိုင်အောင် တဆင့် ထက်တဆင့် သိမ်မွေ့နူးညံ့သောအဖြစ်ကိုသိအပ်၏။ အကနိဋ္ဌဗြဟ္မာ ခေါ်ရသော မြေစိုင်မြေခဲစုမှ အထက်၌ မြေစိုင်မြေခဲစုမည် သည် မရှိပြီး။
ပထဝီ မြေဓာတ် ပြီးပြီ ။

ရေအစု (အာပေါ)

သည်းခြေရည်, သည်းခြေခဲ လည်းကောင်း၊ သလိပ်ရည်, သလိပ်ခဲ လည်းကောင်း၊ ပြည်ရည်ပြည်ခဲ လည်းကောင်း၊ သွေးရည်သွေးခဲလည်းကောင်း၊ ချွေးရည်ချွေးခဲလည်းကောင်း၊ အဆီပြင်အဆီခဲလည်း ကောင်း၊ မျက်ရည်လည်းကောင်း၊ အဆီကြည်လည်းကောင်း၊ တံထွေးရည်တံထွေးခဲလည်းကောင်း၊ နှာရည် နှာခဲလည်းကောင်း၊ အစေးပုပ်လည်းကောင်း၊ ကျင်ငယ်လည်းကောင်း ဤအစုတို့သည် ရေအစု(အာပေါ) တို့တည်း။
       နှစ်မျိုးကုန်သော ရေချို၊ရေငံတို့တွင် ရေငံသက်သက်တို့သာတည်း၊ ဤရေတို့သည် သတ္တဝါ မဟုတ် ကုန်၊ အရှင်မဟုတ်ကုန်၊ ကြံမှုသိမှုမရှိကုန်။ ထိုအလုံးစုံသောရေစုသည် ကံမှဖြစ်သောရေ၊ စိတ်မှဖြစ်သော ရေ၊ ဓာတ်မီးမှဖြစ်သောရေ၊ ဓာတ်ဆီမှဖြစ် သောရေ ဟူ၍လေးပါး အပြားရှိ၏။
အပါယ်ဘုံသားသဏ္ဌာန်ဖြစ်၍နေသော ရေရည်ရေခဲစုသည် ကြမ်းတမ်း၏။ လူရည်လူစေးဖြစ်၍နေ သောရေစုသည် သိမ်မွေ့နူးညံ့၏။ ဤသို့အစရှိသည်ဖြင့် အကနိဋ္ဌဗြဟ္မာရည် ဗြဟ္မာစေးဖြစ်၍နေသော ရေစု တိုင်အောင်ဆိုအပ်၏။ မကနိဋ္ဌဗြဟ္မာရည် ဗြဟ္မာစေးဖြစ်၍နေသော ရေအစုမှအထက်၌ ရေမည်သည် မရှိပြီ။

                                             အာပေါ ရေဓာတ် ပြီးပြီ။




မီးအစု (တေဇော) 
တကိုယ်လုံးကို ပေါင်းနွေး၍သွေး, သည်းခြေ, လေ, သလိပ်တို့ကိုကြည်လင်စေ တတ်သောကိုယ် စောင့်ဓာတ်မီးလည်းကောင်း၊ အစာအိမ်၌ဆိုက်လာသမျှသောအရည်အဖတ်တို့ကို ကျိုချက်သမှု မနုအကြမ်း ခွဲခြမ်းရွေးနှုတ်အဆီထုတ်သော ပါစကဓာတ်မီးလည်းကောင်း၊ နုနယ်သောအရွယ်အဆင်းကို ရင့်သန်မောက်မာခြင်းသို့ရောက်လေအောင်၊ ရင့်သန်မောက်မာသော အရွယ်အဆင်းတို့ကို တရွေ့တရွေ့ခြောက်သွေ့ ကုန်ခန်း ဟောင်းနွမ်းဆွေးမြေ့ခြင်းတို့ ရောက်လေအောင် အမြဲဆောင်သောဓာတ်မီးလည်းကောင်း၊ ရက် ဆက်ရက်ချန် ဖျားမှု၊ ထုံကျင်ကိုက်ခဲမှု စသည်ကို ပြုတတ်သော အပျက် ဓာတ်မီး လည်းကောင်း၊ ပေါက်နာ, ကျောက်နာ, ဝတ်သက်နာ, နူနာစသည်ဖြစ်၍ သွေး သည်းခြေ တို့ကို အခြေပျက်အောင် လောင်ကျွမ်းလျက် မန်းရည်, ငန်းရည်,ပြည်ပုတ်,
သွေးပုတ် ဖြစ်အောင်ပြုတတ်သော ဒါဟဓာတ်မီးလည်းကောင်း ဤအစုတို့သည် တေဇောမီးအစုတို့တည်း။ နှစ်မျိုးကုန်သော အေး၍လောင်မှု, ပူ၍လောင်မှုတို့တွင် ပူလောင်သော ဥဏှဓာတ်မီး တို့သာတည်း။ ဤမီးတို့သည်လည်း သတ္တဝါမဟုတ်ကုန်, အရှင်မဟုတ်ကုန်, ကြံမှုသိမှုမရှိကုန်။ ထိုအလုံးစုံသော ဓာတ်မီးစုသည် ကံမှ ဖြစ်သောဓာတ်မီး, စိတ်မှဖြစ်သော ဓာတ်မီး, ဥတုမှဖြစ်သောဓာတ်မီး, ဓာတ်ဆီမှ ဖြစ်သောဓာတ်မီး ဟူ၍ လေးပါးအပြား ရှိ၏။အဝီစိ ငရဲကောင်ရှိ ဓာတ်မီးသည် အလွန်ကြမ်းထန်း၏။ အကနိဋ္ဌ ဗြဟ္မာပူ ဗြဟ္မာငွေ့သည်အလွန်သိမ်မွေ့၏။ အလယ်အကြား ဘုံစု၌ တဆင့်ထက်တဆင့် သိမ်မွေ့သောအဖြစ်ကို သိအပ်၏။ဓာတ်မီးတို့၏ ပူမှုအေးမှု နှစ်ပါးတို့တွင် ပူလောင်မှုသည် အဝီစိငရဲမီး ဖြင့်လည်းကောင်း၊ စကြာဝဠာကုဋေတစ်သိန်းအတွင်း ပထမဈာန်သုံး ဘုံတိုင်အောင် အကုန်လောင်သော ကမ္ဘာဖျက်မီးဖြင့်လည်းကောင်း ထင်ရှား၏။
အေးမှု မူကား လောကန္တရိက် ငရဲရေဖြင့် လည်းကောင်း၊ စကြဝဠာကုဋေတစ်သိန်း အတွင်း ဒုတိယဈာန် သုံးဘုံတိုင်အောင်အကုန်လောင်သော ကမ္ဘာဖျက် ရေဖြင့် လည်း ကောင်း ထင်ရှား၏။ ဤရေဖြင့် ကမ္ဘာပျက်ရာ၌ ပျက်မှုသည် သီတမီး၏ အစွမ်းပေတည်း။
 ရေဓာတ်၏ အစွမ်းသည် မဟုတ်။  ။                         
တေဇော မီးဓာတ်ပြီးပြီ။
လေအစု (ဝါယော)
ထွက်သက်လေ လည်းကောင်း, ဝင်သက်လေ လည်းကောင်း, ကိုယ်၏သန်မြန် ခြင်း, ဦးခေါင်း ခြေလက် စသော အင်္ဂါကြီးငယ်တို့၏ သန်မြန်ခြင်းတည်း ဟူသောအား ခွန် ဗလခေါ် ဆိုကြသော ဗလဓာတ် လေ လည်းကောင်း၊ ထမ်းခွင့် ဆိုက်ခါဖြင့်ပေါ်လာ၍ ကိုယ်အင်္ဂါ ကြီးငယ်ကိုထမ်းသော ထမ္ဘနဓာတ် လေ လည်းကောင်း၊ ဆောင်ခွင့်ဆိုက်ခါ ဖြစ်ပေါ်လာ၍ ကိုယ်အင်္ဂါကြီးငယ်ကိုပင့်ဆောင်သောဓာရဏဓာတ် လေ လည်းကောင်း၊ ကိုယ်အင်္ဂါကြီးငယ်ကို ရွေ့ရှားစေတတ်သောစလနဓာတ် လေ လည်းကောင်း၊ သွားလို သော အခါ ဖြစ်ပေါ်လာသောဂမနဓာတ် လေလည်းကောင်း၊ ကြပ်ရပ် လိုသောအခါ ဖြစ် ပေါ်လာသော ဌာနဓာတ်လေ လည်းကောင်း၊ ထိုင်လိုသောအခါ ဖြစ်ပေါ်လာသော နိသ ဇဓာတ် လေ လည်းကောင်း၊ ကိုယ်အင်္ဂါ ကြီးငယ်ကို ချီးမြှောက် သောအခါ ဖြစ်ပေါ်လာ သော ဥက္ခေပ ဓာတ်လေ လည်းကောင်း၊ ပစ်ချလိုသော အခါ ဖြစ်ပေါ်လာ သောနိက္ခေပ ဓာတ်လေ လည်းကောင်း၊ ထိုမှဤမှပစ်လိုသောအခါ ဖြစ်ပေါ်လာသောဝိက္ခေပဓာတ်လေ
လည်းကောင်း၊ အင်္ဂါကြီးငယ်တို့ကို ကွေးလို ကောက်လိုသောအခါ ဖြစ်ပေါ်လာသော သမိဉ္ဇနဓာတ်လေလည်းကောင်း၊အင်္ဂါကြီးငယ်တို့ကို ဆန့်တန်းလိုသောအခါ ဖြစ်ပေါ်လာ သော ပသာရဏ ဓာတ်လေ လည်းကောင်း၊ ကိုင်လို, ဆွဲလိုသောအခါ ဖြစ်ပေါ်လာသော ဂဟဏဓာတ်လေ လည်းကောင်း၊ ဆွဲငင်သော အာကဍ္ဎုနဓာတ်လေ လည်းကောင်း၊တွန်း ဖယ်သော အပကဍ္ဎုနဓာတ်လေ လည်းကောင်း၊ စကားစမြီ ပြောဆိုလိုသောအခါ ဖြစ် ပေါ်လာသော ကထန ဓာတ်လေလည်းကောင်း၊ တုန်လှုပ်သော ကမ္ပန ဓာတ်လေ လည်း ကောင်း၊ ဝမ်းမီးစစ်၍ အနှစ်အဆီ ရအပ်သော ရသဓာတ်ရည်ကို လည်းကောင်း၊ နှလုံး အိမ်, သည်းခြေအိမ် အသည်းလွှာတို့၌  ထာဝရ ဖြစ် ပွားသော သွေးရည်, သည်း ခြေ ရည် တို့ကိုလည်းကောင်း၊ ကိုယ်လုံးပြန့်နှံ့အောင် ဖြန့်ဖြူးသော ဖရဏ ဓာတ်လေ လည်း ကောင်း၊ ဝမ်းတွင်း၌ ကိန်းသော ဓာတ်လေ လည်းကောင်း၊ အူတွင်း၌ ကိန်းသော ဓာတ် လေလည်းကောင်း၊ ပျို့အန်ခြင်း စသည်ဖြင့်အထက်သို့ ဆန်တက်သော ဓာတ်လေ လည်းကောင်း၊ အောက်သို့ သက်သော ဓာတ်လေ လည်းကောင်း၊ ဤနှစ်ဆယ့်လေးပါး သော အစုတို့သည် လေ အစုတို့တည်း။ ဤလေအစုတို့သည် သတ္တဝါ မဟုတ်ကုန်, အရှင်မဟုတ်ကုန်, ကြံမှုသိမှုမရှိကုန်။
ထိုအလုံးသော လေအစုသည် ကံမှဖြစ်သော လေ, စိတ်မှဖြစ်သော လေ, ဓာတ်ဆီမှဖြစ်သော လေ ဟူ၍ လေးပါးသော အပြားရှိ၏။

ဝါယော လေဓာတ် ပြီးပြီ။

အကြည် ၆- မျိုး ကိုယ်လုံးဖြိုး
အပ၌ နေရိပ်, လရိပ်, မျက်နှာရိပ်အစရှိကုန်သော အရိပ်သဏ္ဌာန်တို့၏ ထင်ရာပေါ် ရာ ဖြစ်ကုန်သော၊ အလွန်ကြည်လင်လှစွာသော မှဏ်ကြည် ဖလ်ကြည် စသည် တို့နှင့် ထပ်တူ တွင်းပသိမ်းကျုံး တစ်ကိုယ်လုံး၌ ကံမှဖြစ်ကုန်သော ခြောက်မျိုးသောအကြည် ဓာတ် အလင်းဓာတ်တို့သည်ကောင်းစွာတည်ရှိကုန်၏။ အဘယ်သည်တို့ နည်းဟူမူကား၊
၁။    စက္ခု ဟူသော အကြည်ဓာတ်လည်း တစ်ပါး။
၂။    သောတ ဟူသော အကြည်ဓာတ်လည်း တစ်ပါး။
၃။    ဃာန ဟူသော အနံ အကြည်ဓာတ် တစ်ပါး။
၎။    ဇိဝှါ ဟူသော အရသာ အကြည်ဓာတ် တစ်ပါး။  
၅။    ကာယဟူသော အကြည်ဓာတ် တစ်ပါး။
၆။    မနော စိတ်ဟူသော အကြည်ဓာတ် လည်းတစ်ပါး။    ။ဤခြောက်ပါးတို့တည်း။

၁။ စက္ခု အကြည်
ထိုခြောက်ပါးသော အကြည်တို့တွင် စက္ခုဟူသော အကြည်သည်သာလျှင် အဆင်း နှင့်တကွကြည်သည်ဖြစ်၍ မျက်စိဖြင့်ပင်မြင်၍သိရ၏၊ ကျန်သော အကြည်ငါးပါးတို့မူကား မျက်စိဖြင့်ကြည့်၍ မသိရကုန်၊ ဥာဏ်ဖြင့် သိရသော အရသာဖြစ်ကုန်၏။ ။ ရဟန်းတို့ ဤသတ္တဝါတို့၏ စိတ် ဟူသောဓာတ် အထူးသည် တလျှမ်းလျှမ်း တလက်လက် ပြိုးပြိုး ပြက်လျှင် ကြည်လင်တောက်ထွန်း၏ဟူ၍လည်းကောင်း၊ စိတ်မည်သော ဓာတ်အထူး သည် ဆွတ်ဆွတ်ဖြူလျှင် ကြည်လင်တောက်ထွန်း၏ ဟူ၍လည်းကောင်း။ မြတ်စွာဘုရား ဟောကြားတော် မူသောကြောင့် ထိုခြောက်ပါးသော ဓာတ်ကြည်မျိုးတို့တွင် စိတ်ဟူ သောဓာတ်ကြည်သည် အတိုင်းထက်အလွန်ပင် ကြည်လင်လှ၏၊ ဖြူစင်လှ၏၊ ပြိုးပြိုး ပျက် တလက်လက် တောက်ထွန်း၏ ဟူ၍ ရှုအပ်၏။.    ။ ထိုခြောက်ပါးသော အကြည် တို့တွင် အမြင်ဓာတ်ဟူသော စက္ခုအကြည်သည် မျက်လုံးအိမ် အလယ်၌ တည်၏။
အကြင်အခါ၌ အိုးသဏ္ဌာန်, ခွက်သဏ္ဌာန် စသော အဆင်းသဏ္ဌာန်, အရိပ်အယောင် တို့
သည် စက္ခု အကြည်၌ ထင်လာကုန်၏၊ ခိုက်လာကုန်၏၊ ထိုအခါ နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊စက္ခုအကြည်၌ ဖြစ်ပေါ်၏။

၂။သောတ အကြည်
အကြားဓာတ်ဟူသော သောတသည် နားတွင်း၌ တည်၏။ အသံရိပ်တို့သည် သောတအ ကြည်၌ ထင်လာကုန်သည် ရှိသော၊ ခိုက်လာကုန်သည် ရှိသော နှလုံး၌ စိတ်အစဉ် သည် ပြတ်၏၊ သောတအကြည်၌ ဖြစ်ပေါ်၏။

၃။ ဃာန အကြည်
အနံဓာတ် ဟူသော ဃာနသည် နှာခေါင်းတွင်း၌ တည်၏။ အနံ့တို့သည် ဃာနအ ကြည် ၌ ထင်လာကုန်သည် ရှိသော, ခိုက်လာကုန်သည်ရှိသော နှလုံး၌ စိတ်အစဉ်သည် ပြတ်၏၊ ဃာနအကြည်၌ ဖြစ်ပေါ်လာ၏။

၎။ ဇိဝှါ အကြည်
အလျက်ဓာတ် ဟူသော ဇိဝှါသည် လျှာအလယ်၌ တည်၏။ အရသာတို့သည် ဇိဝှါ ဓာတ်အကြည်၌ ထင်လာကုန်သည် ရှိသော ခိုက်လာကုန်သည် ရှိသော နှလုံး၌ စိတ်အ စဉ်သည် ပြတ်၏။ ဇိဝှါအကြည်၌ ဖြစ်ပေါ်၏။


၅။ကာယ အကြည်
အတွေ့ဓာတ်ဟူသောကာယသည်ကား တကိုယ်လုံး၌သူမရှိသော အရပ်မည်သည် မရှိ။ အလုံးစုံသော အတွင်းအပ ရှိသမျှသော တကိုယ်လုံးကို ပြန့်နှံ့၍တည်၏။ တကိုယ် လုံးသည် ကြည်လင်စွာသော ဖလိတုံးကြီး မှန်တုံးကြီးနှင့် ထပ်တူဖြစ်၏။တွင်း ပသိမ်းကျုံး တကိုယ်လုံးတွင် အကြင်နေရာ၌ အနုအကြမ်းဟုသော မြေဓာတ်အတွေ့၊အအေး, အပူ ဟူသော မီးဓာတ် အတွေ့၊ အလှုပ်အရှား အတင်းအလျော့ဟူသောလေ ဓာတ်အတွေ့တို့ သည် တွေ့ထိကုန်အံ့,ခိုက်တိုက်ကုန်အံ့ နှလုံး၌ စိတ်အစဉ်သည်ထိုတွေ့ထိရာအရပ်ပြတ် ၍ ထိုတွေ့ထိရာအရပ်၌ ဖြစ်ပေါ်၏။

၆။မနော အကြည်
အတုမရှိထွန်းတောက်ဘိသော စိတ်အကြည်မှုကား နှလုံးအိမ်၌အမြဲ ဖြစ်၏။ စိုပြည် ရွှမ်းရွှမ်း တောင်အဝှမ်း၌ , ကျောက်တွင်း၌ ဗွက်ဗွက်ဗွက်ဗွက် အမြဲထွက်၍နေသော စိမ့် ရေ စမ်းရေ မည်သည်ရှိသတတ်၊ ဤအတူ ကိုယ်၏ အလယ်၌ နှလုံးအိမ်တည်းဟူသော အတွင်း၌ အမြဲပွက်၍, ထွက်၍နေသောဆွတ်ဆွတ်လင်းကြည် ဘဝင်ရည်တည်းဟူသော စိတ်ဓာတ်သည်ရှိ၏၊အလုံးစုံသောအာရုံနိမိတ် သဏ္ဌာန်ရိပ်တို့သည်ထို လက်လက်လက် လက် အမြဲပွက်၍ ပေါ်ထွက်ဖြစ်ပွားကာ နေသော ဘဝင် အစဉ်၌ ထင်ရကုန်၏၊အကြင် အခါ၌ ထိုဘဝင်ဟူသော ဓာတ်ကြည်၌ တစုံတခုသော အာရုံသစ်သည်ထင်၏။ထိုအခါ၌ အကြိမ်တရာချက်၍ ထက်မြက်လှစွာသော ယမ်းအစု၌ မီးပွားကျသောအခါ ကဲသို့ ထက် သန်, ပြင်းထန်, အလွန်မြန်သော အဟုန်ရှိသော ဇောစိတ် အစဉ်သည်တိမ် တိုက်အ တွင်းမှ တလျှမ်းလျှမ်းထသော လျှပ်ချက်ကဲ့သို့ လျှမ်းလျှမ်းတတ် ထကြွ၍ ကိုယ်၏ လှုပ် ရှားမှုအမျိုးမျိုး, နှုတ်၏လှုပ်ရှားမှု အမျိုးမျိုး, စိတ်၏ လှုပ်ရှားမှု အမျိုးမျိုးကိုပြီးစီးစေ၏။ ထင်လာသော အာရုံနိမိတ် အာရုံရိပ်သည် ကင်းကွာကွယ်ပျောက် ပြန်သည်ရှိသော ထို လျှမ်းလျှမ်းတောက် ထသော ဇောဓာတ် အစဉ်သည် ကွယ်ဆုံးပျောက်ပျက်ပြန်၏။
ထိုခြောက်ပါးသောအကြည်တို့သည်သတ္တဝါမဟုတ်ကုန်၊အရှင်မဟုတ်ကုန်၊ကြံမှုသိမှုကြောင့်ကြပြုသောဗျာပါရမရှိကုန်။ဤခြောက်ပါးသောအကြည်တို့သည်အပါယ်အကြည်မှနေဝသညာနာသညာဗြဟ္မာအကြည်တိုင်တိုင်အောင်အဆင့်ဆင့်လွန်ကဲကုန်၏။ဘုရား ခေါ်ရသော အကြည်တို့သည် အထွဋ်အထိပ်တို့ပေတည်း။

အကြည်ခြောက်မျိုးတို့သည် ပြီး၏။

ဓာတ်မီး ၈- မျိုး မြဲအုပ်စိုး

ရှစ်မျိုးသော ဓာတ်မီး တို့သည် ဤကိုယ်ကောင် အလုံးကို အုပ်စိုးအပ်၏၊ ထိုရှစ် မျိုးသောဓာတ်မီးတို့ဟူသည် အဘယ်သည်တို့နည်း ? ရှေးရှေးဘဝက ပြုခဲ့ကြသော ကံ မှဖြစ်သော ကမ္မဇဓာတ်မီး တစ်မျိုး၊ စိတ်မှဖြစ်သော စိတ္တဇဓာတ်မီးတစ်မျိုး၊ တခုတခု သော ဓာတ်မီးမှ အဆင့်အဆင့်ဖြစ်ပွားသော ဥတု ဓာတ်မီးတစ်မျိုး၊ ဓာတ်ဆီမှ ဖြစ်ပွား သော ဓာတ်မီးတစ်မျိုး၊ ဤလေးမျိုးသောဓာတ်မီးတို့သည် သီတ လေးပါး, ဥဏှ လေးပါး ၏အစွမ်းဖြင့် ရှစ်ပါး ပြားကုန်၏။
ထိုရှစ်ပါးတို့တွင် ရှေးဖြစ်ကုန်သော ကမ္မဇဓာတ်မီး, စိတ္တဇဓာတ်မီး နှစ်မျိုးတို့သည် သတ္တဝါကောင်သန္တာန်တွင်သာ ရအပ်ကုန်၏။ သတ္တဝါမဟုတ်ကုန်သော အပသန္တာန်၌ မရှိကုန်၊ ဥတုမှဖြစ်ပွားသော ဓာတ်မီးသည် သတ္တဝါတွင် အကျုံးဝင်သော ဓာတ်မီးလည်း ကောင်း၊ ရေ မြေ တော တောင် စသော ဗဟိန္ဓတွင် အကျုံးဝင်သော ဓာတ်မီးလည်း ကောင်း ဤသို့ နှစ်ပါးပြား၏။
အဟာရ ဓာတ်မီးသည်လည်း ထိုဥတု ဓာတ်မီးအတူ အဇ္ဈတ္တဗဟိဒ္ဓ နှစ်ပါးပြား၏။ အလုံးစုံသောမြေကြီးမြင့်မိုရ် စကြဝဠာ ဟိမဝန္တာ သီဒါသမုဒ္ဒရာ တော တောင် သစ်ပင် ချုံနွယ် ဘုံဗိမာန် အဝတ်ပုဆိုး စသော အပဝတ္ထုစုသည် ဗဟိဒ္ဓ ဓာတ်မီး၏ အပွားအစီး စုသာတည်း။
သတ္တဝါတို့၏ ကိုယ်သန္တဝန်၌ကား ကလလ ရေကြည်မှ စ၍ အသက်အရွယ်အ လယ်ပိုင်းတိုင်အောင် ဤရှစ်မျိုးသော ဓာတ်မီးတို့သည် တနေ့တခြား တိုးပွားတတ် ထွန်းကုန်လျက် ဆိုခဲ့ပြီးသော မံသအဋ္ဌိ အစရှိသော မြေစုမြေခဲ၊ အစရှိသော ရေရည် ရေခဲ၊ အစရှိသော မီးအစု, အဿသပဿ သဗလ အစရှိကုန်သော လေအစုတို့ကို လည်းကောင်း ထိုဓာတ်ကြီး လေးပါးတို့၏ အရောင်အရည် အကြည်အမွှမ်း ဖြစ်ကုန် သောခြောက်မျိုးသော ဓာတ်အကြည်တို့ကို လည်းကောင်း တနေ့တခြား တိုးပွားကြီးရင့် စေကုန်၏။ ကိုယ်အလုံးသည် ရှစ်ပါးသော ဓာတ်မီးတို့၏ အပွာအစီး အစုသာတည်း။
အသက်တန်း အလယ်ပိုင်းမှ နောက်၌ ဓာတ်မီးတို့သည် တစ်နှစ်တခြား လျော့ပါး ဆုတ်ယုတ်ကုန်သည်ရှိသော အလုံးစုံကုန်သော ဓာတ်ကြီးစုတို့သည် ဆုတ်ယုတ်ကုန်၏။ ဤဓာတ်မီးတို့သည် လည်း သတ္တဝါမဟုတ်ကုန် အရှင်မဟုတ်ကုန် ကြံမှုသိမှု မရှိကုန်။

ဥတု ဓာတ်မီးအခဏ်း ပြီးပြီ။

(၅)-မျိုး ဓာတ်ဆီ စောင့်ရှောက်သည်
             ကံမှဖြစ်ပွားသော ဓာတ်ဆီ၊ စိတ်မှ ဖြစ်ပွားသော ဓာတ်ဆီ၊ ဥတု ဓာတ်မီးမှ ဖြစ် ပွားသောဓာတ်ဆီ၊ အာဟာရ အဇ္ဈတ္တသြဇာမှ ဖြစ်ပွားသောဓာတ်ဆီ၊ မျိုအပ်သမျှ အာဟာ ရမှ ဖြစ်ပွားသောဓာတ်ဆီ ဟူ၍ ငါးပါးပြား၏။
ရှေး၌ ဆိုခဲ့သမျှသော ဓာတ်ကြီးလေးပါး, ဓာတ်ကြည်ခြောက်ပါး, ဓာတ်မီးရှစ်ပါးတို့ သည်ဓာတ်ဆီငါးမျိုးလျှင် ကိုးကွယ်ရာရှိကြကုန်၏။ ရေ၌ဖြစ်ပွားသော ငါး အစရှိသော ရေ သတ္တဝါတို့သည် ရေလျှင် ကိုးကွယ်ရာရှိကြကုန်သကဲသို့တည်း။ မြေအပြင်ရှိ မြက်ဟူသမျှ တို့သည် မိုဃ်းရေမိုဃ်းပေါက်လျှင် ကိုးကွယ်ရာရှိကြကုန်သကဲ့သို့တည်း။
ဓာတ်ဆီတို့သည် တက်ပွားကုန်သည် ရှိသော်- ဓာတ်ဆီတို့သည် တက်ပွားကုန်၏၊ ဓာတ်မီးတို့သည် တက်ပွားကုန်သည် ရှိသော ဓာတ်ကြီးလေးပါးတို့သည် တက်ပွားကုန် ၏၊ ဓာတ်ကြီးလေးပါးတို့သည် တက်ပွားကုန်သည် ရှိသော်ဓာတ်ကြည်ခြောက်ပါးတို့သည် တက်ပွားကုန်၏၊ ဓာတ်ဆီတို့သည် လျော့ပါးကုန်သည် ရှိသောအစဉ်အားဖြင့်ဆုတ် ယုတ် လျော့ပါးကြကုန်၏။ဤကိုယ်လုံးပြည့်ထွေ စောင့်၍နေသောဓာတ်ဆီငါးမျိုးတို့သည်လည်း သတ္တဝါမဟုတ်ကုန် အရှင်မဟုတ်ကုန် ကြံမှုသိမှု မရှိကုန်။
အာဟာရသည် ပြီးပြီ။
ဓာတ်ဘီလူးကြီး အုပ်စိုးနည်း

ဖြစ်ဖြစ်သမျှသော ဓာတ်ကြီးဓာတ်နု တို့ကိုတစ်ခု တန်မျှ မကျန်ရအောင် အမြဲပုံသေ စား၍နေသောဓာတ်ဘီးလူးမျိုးဟူသည်အဘယ်နည်း? မရဏဟူသောဓာတ်မျိုးပေတည်း။
ဥပမာ မည်သည်ကား သံတုံး၌ သံချေးသည် သံသားကိုသာလျှင် အမြဲစား၏၊ ကြေး ခဲ၌ ကြေးချေးသည် ကြေးသားကိုသာ အမြဲစား၏၊ သံတုံး, ကြေးတုံးတို့၌ထိုသံချေး,ကြေး ချေးတို့၏ မရှိသော အရပ်မည်သည် မရှိ၊ အသစ်အသစ် ဖြစ်သမျှသော သံသား, ကြေး သားတို့သည် ထိုသံချေးကြေးချေးတို့၏ အစာတို့သည်သာ ဖြစ်ရကုန်၏။
ဤနည်းအတူ မရဏဟူသော ဓာတ်ဘီးဘူးမျိုးတို့သည် မြေဓာတ် ရေဓာတ် အစရှိ သော ဓာတ်တို့ကိုသာလျှင် အမြဲစားကုန်၏။ အသစ်အသစ် ဖြစ်ဖြစ်သမျှကုန်သော ဓာတ် တို့သည် ထိုဓာတ်ဘီးလူးတို့၏ အစာတို့သည်သာ ဖြစ်ရကုန်၏။ပဋိန္ဓေမှ စ၍ တခုတခု သောဓာတ်သည် ဖြစ်ပေါ်လာသည် ရှိသော်- တခုတခုသော ဓာတ်ဘီးလူးသည် တကွ ထက်ကြပ်ပါမြဲ သာတည်း။ ထို့ကြောင့် ဓာတ်ခဲဓာတ်တုံး တကိုယ်လုံးသည် ဓာတ်ဘီးလူး အပြည့်ရှိနေသည် ဖြစ်၍ဓာတ်ဘီးခဲပင် ဖြစ်၏။ ထိုဓာတ်ဘီးလူးတို့ကို အစာ ထမင်း အမြဲ
သွင်းရကုန်သော ဓာတ်တို့ကား ရှေးကံဟောင်းလည်း တစ်ခု၊ စိတ်လည်း တခု၊ ဓာတ်မီး ရှစ်မျိုးလည်း တခု၊ဓာတ်ဆီ ငါး မျိုးလည်း တခု၊ ဤလေးမျိုးတို့သည် ဓာတ်ဘီးလူးတို့ စား သောက်ရန် အစာ ထမင်း အမှန်သွင်းရသော ဓာတ်တို့ပေတည်း။ ထိုလေးပါးသော ဓာတ် မျိုးတို့သည် မိမိတို့သည်လည်း ဘီးလူးစာတို့ပင်တည်း။
ထင်ရှားစေအံ- နေ့တိုင်းနေ့တိုင်း မျိုမျိုသမျှကုန်သော အစာရေစာတို့ကို နှစ်ဘို့ တို့ ကိုပြု့၍ထက်ဝတ်တစုကား ဓာတ်ဆီစုပေတည်း၊ မျိုလိုက်သော ဗဟိဒ္ဓသြဇာသည် အစာ သစ်အိမ်သို့ ဆိုက်ရောက်သည် ရှိသော် ကိုယ်နှင့်အမျှ ရှိနေကြသော ဓာတ်ကြီးလေးပါး၊ ဓာတ်မီး ရှစ်ပါး၊ ဓာတ်ဆီလေးပါးတို့သည် အသစ်သော အားအစွမ်းကို ရကြကုန်သည် ဖြစ်၍ ထကြကုန်၏။


ဥပမာကား-
နွေလ၌ ကြီးစွာသော မိုဃ်းကြီးသည်ရွာသည်ရှိသော သစ်ပင် မြက်ပင် တို့သည် ထကြွကုန်သကဲ့သို့တည်း။
အဇ္ဈတ္တဓာတ်မီးတို့သည် အသစ်အသစ်သော ရုပ်ကလာပ်ပွင့်တို့ကို ပွင့်ကြကုန်၏၊ သီးကြကုန်၏၊ အဆင့်အဆင့်ကလာပ်ပွင့် တို့ကို တိုးပွားကြစေကုန်၏။ ထိုအခါ၌ တကိုယ် လုံးသည်အားအင်ရှိကုန်သော ရုပ်သစ်ကလာပ်သစ်တို့ဖြင့် တခဲနက်ပြည့်၏။ ထိုသတ္တဝါ သည် ထိုတကိုယ်လုံးဖြင့် ကလာပ်သစ်တို့ကို ငါဟု အလွဲအထင်စွဲ၍ ငါသည် အားရှိသည် ဖြစ်၏၊ ဤသို့ ရွှင်လန်းတက်ကြွရိုးရိုးရွသော စိတ်ရှိသည် ဖြစ်၏။
(နွေအခါ ခြောက်သွေ့နွမ်းပါး၍နေသော တောချုံမြက်ခင်းမှာ မိုဃ်းကြီးရွာ၍အသစ်သော
အညွန့် အရွက် အပွင့် အသီးတို့ ပေါ်ပေါက်ဖြစ်ပွားစည်ကားစည်ပင် စိမ်းရှင်ညိုမှိုင်း ဆိုင်း ဆိုင်းညို့ညို့ ရှိပြန်သကဲ့သို့ ဆာမွတ်ခေါင်းပါး၍ နေသောသူမှာ အစာရေစာ မျိုသောအ ခါ၌ တကိုယ်လုံးရှိဓာတ်ဆီ ဓာတ်မီးတို့မှ အသစ်အသစ် ပြိုင်းပြိုင်းထ၍ ဖြစ်ကြကုန်သော မြေကလာပ် လေကလာပ်မီးကလာပ် အကြည်ကလာပ် တို့ဖြင့် တခဲနက်ပြည့်၍ နေသော အခါ ရုပ် နာမ် တရားတို့၏ ဥဒယလက္ခဏာကို အဘယ်မြင်အောင် ကြည့်ရမည်။ )
ထိုတကြိမ်မျိုး၌ တကိုယ်လုံး ပြန့်နှံ့ပြီးသော ဓာတ်ဆီစုသည် နှစ်ပဟိုရ် သုံးပဟိုရ်စာ အတန်ငယ်ကြာသဖြင့် ပုပ်ရိနွမ်းပါး၍ ဓာတ်ဘီးလူးတို့၏ အစာသည် ဖြစ်ပြန်ခဲ့သော ထိုတကိုယ်လုံး၌ အုန်းအုန်းတက်ဖြစ်ပွားကြကုန်သော ကလာပ်သစ်တို့သည် နေတက် သောအခါ၌ ဆီးနှင်းပေါက်တို့ကဲ့သို့ လည်းကောင်း၊ တပေါင်း တန်ခူး၌ လေပြင်းခတ် ကုန်သော သစ်ရွက်ဟောင်းတို့ ကဲ့သို့လည်းကောင်း တကိုယ်လုံးမှ တဖြုတ်ဖြုတ်ကြွေ ပျောက်ကြကုန်လေ၏။
ထိုအခါ၌ ကိုယ်အင်္ဂါစုသည် ကျဲကျဲသောက်သောက် သွေ့ခြောက်ခေါင်းပါးသော တောချုံမြက်ခင်းကဲ့သို့ ခေါင်းပါးလျော့ရဲ အားအင်နဲသည် ဖြစ်၏။.  ။ ထိုသတ္တဝါသည် ထိုအားအင်ပျော့နဲ့ကျဲရရဲရှိကုန်သော ကလာပ်ကြွင်းတို့ကို ငါဟု အလွဲအထင်စွဲ၍ ငါသည် အားနည်းသည် ဖြစ်၏၊ ဤသို့ ညှိုးငယ်နွမ်းပါးသော စိတ်ရှိသည် ဖြစ်၏။
( အစာသစ်အိမ်၌ အစာသစ်ပြည့် သောအခါ တကိုယ်လုံး၌ ကလာပ်သစ် ရုပ်သစ်တို့ သည်အပြည့်အနှက်ပွက်ပွက်ဆူ တိုးပွားကုန်၏။ ထိုအခါ မျက်လုံးသား နှစ်ခု လည်း သိပ် သည်းတောင့်တင်း၏။ အစာလည်၍ အောက်သို့ လျှောကျလေသောအခါ မျက်လုံးတွင်း ရှိကလာပ်သစ် ကလာပ်နုတို့သည် ရေပွက်ရေမြှုပ်တို့ တဖြုတ်ဖြုတ် ပျက်ဆုံးကုန် သကဲ့ သို့ ဖြုတ်ဖြုတ် ဖြုတ်ဖြုတ်ဆုတ်ယုတ်ပျက်ဆုံးကြကုန်၏။.  ။မျက်လုံးသား၌ ရုပ်က လာပ် လျော့ပါးလေ၏။ ရုပ်နုကလာပ်နု တို့၏ တည်နေရာဖြစ်သော ဥတုဇရုပ်ကြမ်း တို့ သည် ကားသေသည့်နောက်မှာပင် အတော်ကြာ တည်နိုင်ကုန်သေး၏။) [ဤကားမျက်လုံးတွင် ကွက်၍ ရုပ်ကလာပ်တို့၏ ဖြစ်ပွားခြင်းဥဒယသဘော ပျက်ပြားခြင်း ဝယသဘောများကို အတတ်မြင်၍ ထင်အောင်ရှုနည်းကို ဆိုလိုက်သည်။]
ဤမျက်လုံးနည်းတူ နှလုံးခဲ အဆုတ်ခဲ အသဲလွှာ အမြှေးလွှာ ဦးနှောက်ခဲကျော ဘက် ရင်ဘက် လက်ဝဲနံ လက်ျာနံ စသော အသားလွှာ အသားစိုင် အသားခဲတို့၌လည်း နေ့စဉ် စားသောက်သော အဟာရနှင့် စပ်၍ တနေ့သုံးခါ တက်တုံ သက်တုံနေသော ဒီ ရေကဲ့သို့ ရုပ်ကလပ်သို့ တိုးတက်ဖြစ်ပွားတုံ ဆုတ်ယုတ်ကွယ်ဆုံးတုံ နေပုံကို အတပ်မြင် ၍ ထင်အောင်ရှုလေ။ ဤကားမျိုသောအစာရေစာကိုထက်ဝက်ပြု၍တစုတဘို့ ဖြစ် သော အာဟာရ ဓာတ်ဆီကြောင့် တကိုယ်လုံး၌ဒီရေတက်သကဲ့သို့ ရုပ်သစ် ကလာပ် သစ်တို့ ဖြစ်ပွားတိုးတက်ပုံ ဒီရေကျ၍ ရွှံ့ညွန်မျှကျန်သကဲ့သို့ တိုးတက်သမျှရုပ်ကလာပ် တို့ကို ဓာတ်ဘီးလူးစား၍ ကွယ်ဆုံးဖုံး ရုပ်ကလာပ်တို့ကို ဖြစ်ပွားစေတတ်သော အာဟာရဓာတ် ဆီတို့သည် ဓာတ်ဘီးလူးတို့၏ အလုပ်အကျွေးဖြစ်ပုံ မိမိတို့လည်းဓာတ်ဘီးလူးစာ ဖြစ်၍ ကွယ်ဆုံးပုံများကို ထင်ရှားအောင်ပြသော စကားရပ်တည်း။မျိုသောအစာ တို့ကို ထက် ဝက်ပြု၍တစုတဘို့ဖြစ်သောဓာတ်မီးတို့ကြောင့်အလုံးစုံသော ရင်တွင်းသားမျက်လုံး ဦး နှောက်ခဲ တို့နှင့်တကွ ကိုးရာ သောအသားစု၊ ကိုးရာသောအကြောစုတို့၌ရှိ သော ဓာတ် ဆီ ဓာတ်မီးတို့သည် ရိုးရိုးရွရွ ထကုန်ကြ၍ တကိုယ်လုံး ပွက်ပွက်ဆူ ရုပ်သစ်က လာပ် သစ်တို့ကို ဖြစ်စေကြ ပွားစေကြကုန်၏။ ထင်းအား မီးအားကောင်းလှ၍ ခွင်ပေါ် အိုးတွင်း ရှိရေမှ ဓာတ်မီးထလျက် ပွက်ပွက်ဆူဝေသော ရေပွက်ကဲ့သို့ရှု့။ ချောင်း လုံးပြည့် ဒီရေ တက်ချက်နှင့်လည်းတူပါ၏။ အစာသစ်အိမ်မှာ အစာသစ်ကြေကျက် လျှောကျ သောအ ခါ ယခင်ဖြစ်ပွားတိုးတက်သမျှ သောရုပ်ပွက် ကလာပ်ပွက်တို့သည် ခြေဖျား လက်ဖျား မျက်လုံးခဲ ဦးနှောက်ခဲတို့မှစ၍ တရွေ့တရွေ့ ချူပ်ပျက်ကွယ်ပျောက်ကြလေကုန်၏။ အောက်က မီးဆုတ်လျှင် အိုးတွင်းရေပွက်တို့ ဆုတ်ယုတ်ပျက်ပြားမှု ဒီရေကျမှုများနှင့် အတူရှု။ တနေ့တနေ့လျှင် နှစ်ကြိမ်စားသောသူတို့မှာ နေ့စဉ်အမှန် နှစ်ကြိမ်တက် နှစ် ကြိမ်ကျပြု၍ရှု့။ တကြိမ်တကြိမ်သာ စားသောသူတို့မှာတကြိမ်တက် တကြိမ်ကျပြု ၍ရှု့။ သံသရာ၌ သတ္တဝါ အနတ္တ အနှံ့အပြားရှု့။ ဤကား မျိုသောအစာရေစာ၌ ပါသော ဗဟိဒ်္ဓ ဓာတ်မီးတို့ကြောင့် ကိုယ်တွင်းရှိ အဇ္ဈတ္တဓာတ်မီး ရှစ်ပါး ဓာတ်ဆီ လေးပါးတို့ ထကြကုန် ၍ ရိုးရိုးရွရွ တကိုယ်လုံး ရုပ်ခိုး ရုပ်လျှံကလာပ်ခိုး ကလာပ် လျှံဖြစ်ပွားပုံ ဖြစ်ပွားသမျှတို့ သည်လည်း မကြာမှီ ဓာတ်ဘီးလူး၏အစာ ဖြစ်၍ ချူပ်ဆုံးပုံ ဗဟိဒ္ဓဓာတ်မီးတို့လည်း အဇ္ဈတ္တဓာတ်ဘီးလူးတို့၏ အလုပ်အကြွေးဖြစ်ပုံကို ဆိုသော စကားရပ်တည်း။

စိတ်မှာလည်း--
၁။ လောဘစိတ် ထ၍ဖြစ်သော ရုပ်ကား အသွေးအဆင်း တမျိုး၊
၂။ ဒေါသဇော ထ၍ ဖြစ်သော ရုပ်ကား အသွေးအဆင်း တမျိုး၊
၃။ မောဟဇော က္ကုဿာဇော မစ္ဆရိယဇော သဒ္ဓါဇော ပညာဇော မေတ္တာဇောကရုဏာဇော စသည်တို့ထရာ၌လည်း ရုပ်သွေးရုပ်ဆင်းတမျိုးစီ၊လေးတောင်ရှိ လိုဏ်ဂူတွင်းမှာအလယ် ၌ ညှိထွန်း၍ထားသော ဆီမီးအရောင်သည် ဆီမီးတောက်သည်နှင့် တပြိုင်နက်လိုဏ် အလုံးပြန့်နှံ့ ထွန်းလင်းသကဲ့သို့ဟဒယဓာတ်အိမ်မှထသောဇောတို့၏အခိုးအလျှံဖြစ်သော ရုပ်ကလာပ်တို့သည် ဇောထသည်နှင့် တပြိုင်နက် တကိုယ်လုံးပြန့်နှံ့၍ တည် ကုန်၏။ တ ခုတခုသောဇော ချူပ်ငြိမ်းပြန်လျှင် တကိုယ်လုံးမှာပင် ကွယ်ပျောက်ပျက်ဆုံး ပြန်၏။ တ ထိုင်တည်းမှာပင်ဇောဓာတ်မျိုး အထွေတရာမက ဖြစ်တုံပျက်တုံ ဖြစ်နိုင်၏။ ဓာတ်မီးနှင့် တကွသော စိတ္တဇရုပ်ကလာပ်တို့လည်း တထိုင်တည်းမှာပင် အထွေတရာမက လျှပ်စစ် ပြက်သကဲ့သို့ တရှိန်းရှိန်းတက် တမှိန်းမှိန်းကွယ်ပျောက်ကုန်၏။


" မြင်အောင်ကြည့်"
ကမ္မဇရုပ်ကလာပ်တို့မှာမူကား
တခြားတပါးသော ရုပ်ကလာပ်တို့ တိုးတက်ပွားများလျှင်လည်းတိုးတက်ပွားများ ကုန်တော့သည်။ အခြားတပါးသော ရုပ်ကလာပ်တို့ ဆုတ်ယုတ်ပျက်ပြုန်းပြန်လျှင်လည်း ဆုတ်ယုတ်ပျက်ပြုန်းကုန်တော့သည်။ အနောက်ကနေရောင်အရှေ့က မိုဃ်းတိမ်တိုက် ကြုံကြိုက်သော အခါ ဖြစ်ပေါ်လာသော သက်တန့်ရေးသည် လေတိုက်၍ တိမ်တိုက်အ ခြေပျက်လျှင်ပျက်တော့သည်။ တိမ်တိုက်ကျယ်ပြန့်လျှင်ရှည်လျားတော့သည်။ တိမ်တိုက် ကွယ်ပျောက်လျှင် ကွယ်ပျောက်တော့သည်။
နေနှင့်ရှေးကံ တူသည်။ မိုဃ်းတိမ်တိုက်နှင့် ဥတုဇ ရုပ်ကလာပ်, အာဟာရ ရုပ်က လာပ် အစုအခဲတူသည်။သက်တန့်ရေးနှင့်အကြည် ခြောက်ပါး၍စသော ၍ကမ္မဇရုပ်က လာပ်  နာမ်ကလာပ်စုတူသည်။ တထိုင်တည်းမှာပင် အမျိုးမျိုးသော ဇောစိတ်တို့ကြောင့် တကိုယ်လုံးအထွေထွေ ဖြစ်ပေါ်ရသော စိတ္တဇရုပ်စု ဥတုဇ အာဟာရဇစိတ္တဇရုပ်ကလာပ် တို့ တိုးတက်လျှင်တိုးတက်ဖြစ်ပွားကုန်သော ကမ္မဇရုပ်ကလာပ်တို့သည်ဓာတ်ဘီလူး၏ အစာဖြစ်၍ ကွယ်ဆုံးကုန်သောကြောင့် ထိုစိတ်ထိုကံတို့သည်လည်း ဓာတ်ဘီလူး၏အ လုပ်အကျွေး တို့သာဟု မှတ်အပ်၏။
ဓာတ်ဘီလူး အုပ်စိုးမှု ပြီး၏။

ဓာတ်ဘီလူးမှာ သင်းများစွာ
အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးပါးကို ရှုလိုမြင်လိုသော သူသည် မရှုမီရှေး အဘို့၌ခန္ဓာငါးပါး ရုပ်နာမ်တရာတို့ကို ရိုးရိုးရွရွ အကုန်ထအောင် ဆွရသေးသည်။ ဆွ၍ ဥာဏ်၌ထပြီး နောက်မှ ထိုခန္ဓာတို့၌ ရှိသော လက္ခဏာရေး သုံးပါးကို အတပ်မြင်သာ သည်။ ဆွဟူသည်လည်း ဖြစ်တုံ, ပျက်တုံ, ကျတုံ နေချက်ကို အခြေရှာ၍ နေရာကျ အောင် ပြုခြင်းပင်တည်း။ (ဤတွင်ရွေ့ကား ခန္ဓာငါးပါး အပေါင်း ဖြစ်သော တကိုယ် ကောင်လုံးကို ရိုးရိုးရွရွ အကုန်ထအောင် ဆွနည်း ပြီး၏။ )

အနိစ္စ ရှုနည်း
ယခုအခါ ကိုယ်လုံးပြည့် ရှိနေသော မရဏဓာတ်ဘီလူးတို့၏ အပင်းအသင်းတို့ကို ထင်လင်း စွာပြ၍ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ တို့ကို အတပ်မြင် အောင် ဆင်ခြင်၍ ကြည့်ရှု့နည်းကို ဆိုပေအံ့။
အကျဉ်းအားဖြင့် ရှစ်ပါးသောအနာရောဂါမျိုးတို့သည် ဓာတ်ဘီလူးတို့၏အပင်းအ သင်း တို့တည်း။ အကျယ်အကျယ်ထက် အကျယ်အားဖြင့် ကိုးဆယ့်ခြောက်ပါးသော အနာရောဂါတို့သည်လည်းကောင်း အသိန်းမကသော ရောဂါတို့သည်လည်းကောင်း ဓာတ်ဘီလူးတို့၏ အပင်းအသင်းတို့တည်း။

အဋ္ဌရောဂါနာမ၊ ရှစ်ပါးသော ရောဂါတို့မည်သည်ကား
၁။လေပျက်၍ ဖြစ်သောရောဂါ တမျိုး။
၂။သည်းခြေ ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၃။သလိပ် ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၎။လေ, သည်းခြေ, သလိပ် သုံးပါးစုံ ပျက်၍ ဖြစ်သောရောဂါ တမျိုး။
၅။အာဟာရ ဖေါက်ပြန်၍ ဖြစ်သောရောဂါ တမျိုး။
၆။သတိကင်းလွတ် ချော်ချွတ်တိမ်းပါး၍ ဖြစ်သော ရောဂါတမျိုး။
၇။ရိုက်နှက်ထောင်းထုပစ်ခတ်မှုစသောလုံးလပရောဂါကြောင့်ဖြစ်သောအနာရောဂါတမျိုး
၈။ဥပပီဠိကကံ, ဥပစ္ဆေဒကကံ တို့ကြောင့် ဖြစ်သော အနာရောဂါ တမျိုး။
ဤရှစ်ပါးတို့တည်း။ ။ဤရှစ်ပါးသော အနာရောဂါတို့ကြောင့် သေခြင်းတို့ကို ရှစ်ပါး သောသေခြင်းတို့ဟူ၍ ဆိုအပ်ကုန်၏။ အလုံးစုံကုန်သော ရောဂါမျိုးတို့၏ အမှုသည်ရင်း ကား ဓာတ်မီးရှစ်ပါးတို့တည်း။ ရှစ်ပါးသော ဓာတ်မီးစုသည် မညီမမျှထကြွသောင်းကျန်း ခဲ့သည် ရှိသော ထိုထိုရောဂါတို့သည် ဖြစ်လာကုန်၏။ ဓာတ်မီးရှစ်ပါးသည် ညီမျှငြိမ်သက် ခဲ့သည်ရှိသော ထိုထိုရောဂါတို့သည်ငြိမ်းကုန်၏။ ရှစ်မျိုးကုန်သော ဓာတ်မီးတို့တွင်လည်း တမျိုးသောဓာတ်မီးသည် ထကြွသောင်းကျန်းသည်ရှိသော အလုံးစုံကုန်သော ဓာတ်မီး တို့သည် ထကြွသောင်းကျန်းကုန်သည်။ မျိုသောအစာမှ ပါကုန်သော ဓာတ်ဆီဓာတ်မီး၊ မြေခိုးမြေငွေ့မှ ပါကုန်သောဓာတ်ဆီဓာတ်မီး၊ ရေခိုးရေငွေ့မှပါ ကုန်သော ဓာတ်ဆီဓာတ် မီး၊ အရပ်လေးမျက်နှာမှ ပါကုန်သော ဓာတ်ဆီဓာတ်မီး ဟုဆိုအပ်ကုန်သော ဗဟိဒ္ဓ ဓာတ် ဆီဓာတ်မီးတို့သည် အဇ္ဈတ္တဓာတ်ဆီဓာတ်မီးကို မထ ထအောင်, မကြွကြွအောင်နှိုးတတ် ကုန်၏။ မသောင်းကျန်း သောင်းကျန်းအောင် ဆွတတ် နှိုးတတ်ကုန်၏။ အတွင်းဓာတ်တို့ နှင့်သင့်မြတ်ကုန်သော ဓာတ်ဆီဓာတ်မီးတို့သည် တကိုယ်လုံး၏ကိုးကွယ်ရာတို့သည်ဖြစ် ကုန်၏။
ဥပမာကား မြစ်ညာတလျှောက်၌ အလုံးစုံသော ချောင်းကြီး ချောင်းငယ် မြောင်း ကြီးမြောင်းငယ် ရိုးကြီးရိုးငယ် စိမ့်ရေစမ်းရေ ဟူသမျှတို့သည် မြစ်မတွင်းသို့ အဆင်း အဝင် မရှိကုန်သည်ရှိသော မြစ်မကြီးသည် ခဏခြင်း ကုန်ခန်း၏။ အလုံးစုံသော ချောင်း ကြီးချောင်းငယ် မြောင်းကြီးမြောင်းငယ် ရိုးကြီးရိုးငယ် စိမ့်ရေစမ်းရေ ဟူသမျှတို့သည် အမြဲ စီးဝင်ကြကုန်သည် ရှိသော မြစ်မကြီးသည် မလျော့ပါးသည် ဖြစ်သကဲ့သို့တည်း။
ထို့ကြောင့် ပဋိသန္ဓေမှ စ၍အကြင်နေ့၌ အာဟာရသည် ကင်း၏ ထိုနေ့၌ရေမှဆယ် ယူ၍ မြေပူ နေပူ လေပူ၌ ထားအပ်သော လူလောက်ရှိသောရေမြှုပ်ခဲ ရေမြှုပ်စိုင်ကြီး ကဲသို့ ဤတကိုယ်လုံး၌ အတွင်းဓာတ်နု ဓာတ်စုဓာတ်ခဲတို့သည်ဖြုတ်ဖြုတ်အသံကိုယ်လုံး ညံမျှ ကွယ်ပချုပ်ဆုံးကြကုန်၏။ ကိုယ်အင်္ဂါစုသည်တရွေ့တရွေ့ကြုံရုံကျွန်ရွံ၍သွားသည် ဖြစ်၏။ တနေ့ထက်တနေ့ ခြောက့်သွေ့ ကုန်ခန်းသွားသည် ရှိသော ခုနှစ်ရက် မျှ၌ အလုံး စုံသော အတွင်းဓာတ်နုတို့သည် ကုန်ကုန်၏၊သေလေ၏။ ဓာတ်မီးမှဖြစ် ပွားသော အဖတ် ကြမ်းဖြစ်သော အခွန်ရုပ် အကာရုပ်စု သည်သာ ကြွင်းကျန်၏။
မျိုသော အာဟာရဓာတ်ဆီ တရွေ့တရွေ့ ကုန်ခန်းသောနာရီမှစ၍ မျက်လုံးခဲ ဦး နှောက်ခဲအတွင်းရှိ မြေဓာတ်နု ရေဓာတ်နု လေဓာတ်နု မီးဓာတ်နုတို့သည် တရွေ့တရွေ့ ချုပ်ကွယ်ပျောက်ဆုံးကုန်ကြ၏။ ခုနှစ်ရက်တိုင်လျှင် ဓာတ်ဆီ အငွေ့အသက်ကုန် သဖြင့် အတွင်းရှိ မြေနု ရေနု လေနု မီးနုတို့သည် ကုန်ကုန်၏။ အကြည်ဓာတ် ခြောက်မျိုးတို့မှထို မြေ ရေ လေ မီး ဓာတ်ကြီးအနု ဘုတ် လေးခုတို့၏အရည်အရောင် မျှသာဖြစ်ကုန်၍ အနု ဓာတ်ကြီးတို့ ရွေ့ယိုင်နွမ်းပါး၍သွားလျှင် အကြည်ဓာတ်တို့သည်ပျောက်ပျက် ကွယ်ပကုန် တော့သည်။ တနေ့တနေ့လျှင် နှစ်ထပ် အာဟာရဓာတ်ဆီ ဓာတ်မီးအသစ်အသစ်လောင်း ၍ လောင်း၍ အလျဉ်မပြတ်အောင် အသက်သစ်အသက်သစ် သွင်းကာသွင်းကာ ဆက် နွယ် စိုက်ပျိုး၍သွားပါမှ လဆန်းကလဆုတ် လဆုတ်ကလဆန်းသည်လ ကဟိုလသည် ဥတုက နောက်ဥတု သည်နှစ်က နောက်နှစ် နေရသည်။ လက်ရှစ်သစ်ခန့်သာ ရှိ သော မိစ္ဆာချည်တို့ကို နှစ်မြှင် သုံးမြှင်ကစ၍ အတောင်တရာ အလံတရာရှိ ကြိုးကျစ်၍သွားရာ ၌ အစဟောင်း အစသစ်ပြေပြစ်အောင် အမြှင်သစ်အမြှင်သစ် လောင်းစိုက်၍သွားရသည် နှင့်ထပ်တူပင်တည်း။ အစသစ်အစိုက်ကောင်းလျှင် အစဟောင်းဆုံးချက်ကြောင့်ကြိုးအ နေမပျက်။ ထို့အတူ တကြိမ်မျိုလိုက်သော အာဟာရကြောင့် တကိုယ်လုံး တိုးတက်ပြည့် လျှမ်၍ ဖြစ်ပေါ်ကုန်သော မြေနု ရေနု လေနု မီးနု အကြည်ဓာတ်ဟူသမျှတို့သည် ထိုအာ ဟာရတို့နှင့် အတူ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်မြဲ ကုန်ဆုံး၍ ကုန်ဆုံးမြဲ ဓမ္မတာတည်း။ နောက်တကြိမ် မျို၍ အသစ် အသစ်ဖြစ်ပေါ်တိုးတက်သော ဓာတ်သစ်အသက်သစ်တို့နှင့် အလျဉ်မပျက် အဆက်သိပ်သည်းလှ၍ အခြား မထင်လေသည်။ ဥာဏ်နှင့်ပြတ်အောင် ဖြတ်၍ရှု။ ဘဝအသစ် အသစ်ဖြစ်ပေါ်ရန် စိုက်ပျိုးမှုမှာ ကံ ဟုသောစေတနာဟာရကို ပျိုး မှုပေတည်း။ သံသရာ၌ မိမိလာခဲ့ရပုံကိုလည်းကောင်း မြင်မြင်သမျှသောသတ္တဝါအနန္တ ဖြစ်ရပုံကိုလည်းကောင်း အတပ်မြင်ဆအာင်ရှု။ ရှုဘန် များ၍ဥာဏ်ပွင့်သော အခါခပ်သိမ်း သော ရုပ်တရား နာမ်တရားတို့သည် ရှေးရှေးတင်ရင်၍ ပျိုးနှင့်သောအကြောင်းဗီဇ ရှိမှ သာ အသစ်အသစ် ဖြစ်ပေါ်နိုင်သည်။ မိမိဘဝဖြစ်ပေါ်နိုင်သော ရုပ်နာမ် ဟူ၍ တခုမှမရှိ။ အကြောင်းဗီဇရှိ၍အသစ်ဖြစ်ပေါ်ပြန်ရာလက်ပူးလက်ကြပ် အစောင့်အရှောက်အထောက် အပံ့တင်းလင်းရှိမှအစဉ်သဖြင့်ဆက်လက်ဖြစ်ပေါ်၍သွားနိုင်သည်။ လက် ပူးလက်ကြပ်အ စောင့် အရှောက်တင်းလင်း မရှိခဲသော မျက်တောင်တခတ် လျှပ်တပြက် တမျှ မိမိဘ ဝအားဖြင့်တည်တံ့နိုင်သော ရုပ်နာမ် ဟူ၍ မရှိကြောင်းကို အတပ်မြင်လာလိမ့် မည်။ အနိစ္စ အနိစ္စ အနိစ္စ။( အာဟာရမှုကို အစွဲပြု၍ အနိစ္စလက္ခဏာကို အတပ်မြင် ဒိဋ္ဌမြင်ရှုရန် အမြွက်ပြီး၏။)


ဒုက္ခရှုနည်း
အလုံးစုံသော ဓာတ်ကြီးလေးပါး အကြည်ခြောက်ပါးစသောရုပ်တရားနာမ်တရားတို့ သည်ဘေးဥပါဒ်ကင်း၍ ချမ်းမြေ့သာယာစွာ မျက်တောင်တခတ်မျှ နေရသော ရုပ်နာမ်ဟူ ၍ တခုမှမရှိ။ရုပ်ချမ်းသာ နာမ်ချမ်းသာ ဟူ၍တခုမှ မရှိ။ဖြစ်ပေါ်မိလျှင်ပျက်မှုဟုသောသေ ဘေးသေဒဏ်နှင့် အမြန်ဆုံးရှုံးရသော တရားစုသာ ဖြစ်၍ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ရုပ်ဒုက္ခိ တ နာမ်ဒုက္ခိတတို့သာတည်း။ ထို့ကြောင့် ဓာတ်ဘီလူးဟု ဆိုအပ်သောအနိစ္စဘေးမှလွတ် နိုင်သော ရုပ်ဟူ၍ နာမ်ဟူ၍ ဤကိုယ်သန္တာန်ဝယ်မရှိခြင်းကြောင့် နိဗ္ဗာမှတပါးသော ရုပ် နာမ် ဓမ္မဟူသမျှတို့သည် ဒုက္ခအစုတို့သာတည်း။ လောက၌ သေဘေးထက် ကြောက်ရ သော ဘေးဟူ၍ မရှိ။ ထိုသေဘေးသည် ရုပ်တိုင်း နာမ်တိုင်းမှာ အမြဲပါ၍ ရုပ် နာမ်တို့ကို စားသတည်း။ ဤသေဘေးကိုပင် အနိစ္စလက္ခဏာ ဘေးလည်း ဆိုရသည်။ဓာတ်ဘီလူး လည်း ဆိုရသည်။(ရှေး၌ပြဆိုခဲ့ပြီးသော အနိစ္စအချက်စုကိုမြင်ပေလျှင် ခဏခြင်း ခဏခြင်း နွမ်းနယ်မှု ဆုံးရှုံးမှုဟုသော မခံသာသော ဒုက္ခလက္ခဏာကိုလည်း မြင်နိုင်ပေ လတ္တံ။)

ယခုအခါ ထင်ရှားစွာသော ဒုက္ခလက္ခဏာ ကို ပေါ်အောင်ဆိုအံ့
နိဗ္ဗာန်မှတပါး အလုံးစုံသော ရုပ်နာမ် တရားတို့သည် အစာရေစာက္ကရာယာပုတ်တို့ နှင့် မပြုမပြင်ဘဲ ပေါက်လွှတ်ထားခဲ့လျှင် တကိုယ်လုံး တကောင်လုံး ညှိုးချုံးရိနွမ်းပင်ပန်း ပွန်းနွမ်းခြင်းတည်း ဟူသော ဒုက္ခအစုတွေသာ ဖြစ်၍ကုန်မည်။ အစာရေစာကို ဖြတ်၍ ကြည့်၊ အလှုပ်အရှားမရှိဘဲအိပ်ခြင်း က္ကရာယာပုတ်တခုတည်း အမြဲထား၍ကြည့်။တနည်း ကား။ မလျောက်ပတ်သော ဗဟိဒ္ဓဓာတ်မီး ဆိုက်တိုက်လာခဲ့လျှင် တကိုယ်လုံး၌သော် လည်းကောင်း ကိုယ်အစိတ်၌သောလည်းကောင်း အတွင်းဓာတ်မီးစု ထကြွ သောင်း ကျန်း၍ ရှစ်မျိုးသော ရောဂါတို့သည် ဖြစ်ပေါ်လာကုန်၏။ နှလုံးအိမ် နှလုံးသား ဖြစ် ၍နေသော မီးရှစ်ပါးသည် ထကြွသောင်းကျန်းခဲ့သည်ရှိသော နှလုံးအိမ် နှလုံးခဲတခု လုံးကို လောင်၏။ နှလုံးခဲ ဖြစ်၍နေသော အလုံးစုံသော ရုပ်စုနာမ်စုသည် အနာခဲဖြစ် လေ၏။ မန်းခဲ ငန်းခဲ သွေးပုပ်ခဲ ပြည်ပုပ်ခဲ ဖြစ်လေ၏။
အသည်းခဲ ဖြစ်၍နေသော ရုပ်စု, အဆုတ်ခဲဖြစ်၍နေသောရုပ်စု, ဝမ်းတွင်းအသား အလုံးစုံဖြစ်၍နေသော ရုပ်စု, နား နှာခေါင်း နှုတ်သီး လျှာ သွား ဖြစ်၍နေသော ရုပ်စု, ဦး နှောက်ခဲပြစ်၍ နေသော ရုပ်စု, ဦးခေါင်းခွံ ဖြစ်၍နေသော ရုပ်စု, ဦးခေါင်းသား မျက်နှာ သား ဖြစ်၍နေသော ရုပ်စု, သားတစ် ကိုးရာ ဖြစ်၍နေသော ရုပ်စု တို့လည်း ဤအတူ ချည်း။ အလုံးစုံသော တရားအစုသည် ဇာတိ အမျိုးအရိုးအားဖြင့် ဒုက္ခမျိုး ဒုက္ခရိုး ရောဂါ မျိုး အနာမျိုးတို့သာအမှန်အစစ်တည်း။ ထို့ကြောင့်ကံ၏အစွမ်း ဥာဏ်၏အစွမ်း သတိ ဝီရိယ၏အစွမ်းဖြင့် လက်ပူးလက် ပြုပြင်ထိန်းကြောင်း၍ နေနိုင်ပါမူ ဖေါက်ပြန်ခြင်းတိုင်း မဖေါက်ပြန်သာလှ၍ မဖေါက်ပြန်ဘဲ ခိုင်မြဲလေယောင် နေထိုင်သမျှ နေပါသေး၏။အပြု အပြင်အထိန်းအကျောင်းမရှိ ပေါက်လွှတ်ခဲ့လျှင် အမျိုးအရိုး ဇာတိထင်ရှား ပေါ်မြဲတည်း။
( ဒုက္ခရှုနည်း အမြွက်ပြီး၏။ )

အနတ္တ ရှုနည်း
လောက၌ အတွင်းပြု၍ သိမ်းပိုက်သော ဝတ္ထုအပေါင်းတို့တွင်ငါဟူ၍ လည်းကောင်း ၊ငါ၏ကိုဟူ၍လည်းကောင်း၊ အတွင်းပြုခြင်းသိမ်းပိုက်ခြင်းသည်ကမ်းကုန်လမ်းကုန်အလွန် ဆုံးသောအတွင်းပြုခြင်းသိမ်းပိုက်ခြင်းတည်း။ ငါတည်း၊ ငါ၏ ကိုတည်းဟုအလွန်ဆုံးသိမ်း ပိုက်သော ခန္ဓာငါးပါး တို့တွင် လည်းရှေး၌ ပြဆိုခဲ့ပြီးသော စက္ခု သောတ အစရှိသော အ ကြည်ခြောက်ပါးတို့ကိုငါဟူ၍ ငါ့ကိုဟူ၍ အတွင်းထား၍အားကိုးအင်ကိုး သိမ်းပိုက်မှုသည် အလွတ်ဆုံးတို့၏ အစပေါ်တွင်အထွဋ်အထိပ်ပင် ဖြစ်ပြန်သတည်း။ထို့ကြောင့်ထိုအကြည် ခြောက်ပါးတို့ကို အဇ္ဈတ္တ, အဇ္ဈတ္တဓမ္မ, အဇ္ဈတ္တသဒ္ဒါ အပိုနှင့်ဆိုရသတည်း။

ထိုအတွင်းပြုခြင်းအမှုသည်--
၁။ လောကအားဖြင့် အတွင်းပြုခြင်း၊
၂။ဓမ္မ အားဖြင့် အတွင်းပြုခြင်းဟူ၍ -၂ ပါးရှိ၏။

၁။ အသည်းခဲ နှလုံးခဲ ဝမ်းထဲ ဦးခေါင်းထဲ မျက်လုံးထဲ အာထဲ လျှာထဲ၌ အနာပေါက်၍ သွေးပုပ် ပြည်ပုပ် ငန်းမန်းဖြစ်လာသောအခါ တောအရပ်၌ ပေါက်ရောက်သော သစ် မြစ်သစ်ဥကို မှီဝဲ၍ ထိုအနာပျောက်ငြိမ်းသည် ဟူရာ၌ လောကအားဖြင့် ထိုအနာပုပ် သည်ကိုယ်တွင်းကျ၍အတွင်းမည်၏။ တောဆေးမြစ်သည် အပမည်၏။

၂။ သတ္တဝါတို့ ဓမ္မတာသဘောသည် အမြဲလျှင် ချမ်းသာကိုသာ အလိုရှိသည်။ ထို့ ကြောင့်ထိုအနာပုပ်သည် သတ္တဝါတို့၏အလိုသဘောမှ အပဖြစ်၍ သတ္တဝါကို နာကြင် အောင်ပြု၍ ညှင်းပန်းရကား ထိုအနာပုပ်သည် ဓမ္မအားဖြင့် အပအစိမ်းသာ ဖြစ်၏။ တော ဆေးမြစ်သည်သာချမ်းသာကိုပေးပေ၍သတ္တဝါတို့၏အလိုသဘော၏အတွင်းကျပေရကား ဓမ္မ အားဖြင့် အတွင်းမည်၏။ အနတ္တသဒ္ဒါသည်ကား အတွင်း၏ ဆန့်ကျင်ဘက်ကို ဟော ၏။ မိမိန္တာန်ဖြစ်၍နေသော ခန္ဓာငါးပါးသည် သတ္တဝါတို့၏ အလိုသဘောကို သိခြင်း မရှိ။ မလိုသဘောကို လိုက်ခြင်းမရှိ။ ဇာတိ အမျိုးအရိုးအားဖြင့် သတ္တဝါတို့ ကြောက်လန့် ကြ သော ဒုက္ခဘက်သို့သာ တဖြောင့်ထဲ တသန်ထဲ အတင်းဆွဲ၍ ရုန်၍သွား၏။ မိမိကို ယခု သတ်မည့် ရန်သူအား ငွေတထောင်ပေး၍ ယခုနှစ်အဘို့ ချမ်းသာပေးပါဟုဆိုလျှင် ငွေတ ထောင်ရ၍ တနှစ်တာမျှ အလိုပါ၍ ချမ်းသာပေးသကဲ့သို့ သင့်လျော်သော အကြောင်းဗီဇ တို့ကို သည်ပိုးရွက်ဆောင် ထူထောင်ပြုစု၍ ပေးနိုင်ပါလျှင် ပေးနိုင်ခိုက်သာအလိုပါ ယောင် ရှိ၏။ မပေးနိုင်လျှင် ဒုက္ခဘက်သို့ အတင်းရုန်း၏။ သင့်လျော်သော အကြောင်း
ဗီဇတို့ကို အားထုတ်၍ပေးနိုင်သမျှ တခဏသာအလိုပါယောင် ရှိသည်ကို အမြဲပါယောင် ထင်မှတ်၍ ငါ့ကို ငါ့ကို ဟု အတွင်းပြုမှားကြလေသည်။ ထိုအမှားကို စွန့်စေလို၍ အနတ္တ ဟု ဟောတော်မူသည်။

(၁)- အတ္တကို- ဝါ- အတွင်း။
(၂)- အနတ္တာ၊ ကိုမဟုတ်။ ကို၏ဆန့်ကျင်ဘက်။ ဝါ ၊ အတွင်းပြု၍ သိမ်းပိုက်ထိုက်သော တရားစုမဟုတ် ရန်သူကြီးသမျှ ပြင်ပသူစိမ်းပြု၍ စိတ်ဖြင့်လွတ်လွတ်ကျွတ်ကျွတ်စွန့်ပစ် ထိုက်သောတရားစုတို့သာတည်း။(အနက်ရင်း အနက်မှန်)ကိုဟုသောအနက်မှာယသတ် ၍ မရေးနှင့်။ ကိုယ်သည်အတွင်းဟုသော အနက်ကိုမဟော။ကာယသဒ္ဒါ၏ နာမသတ် အနက်ဖြစ်ပေ၍ အပေါင်းအစု ဟူသောအနက်ကို ဟောသည်။ ယသတ်နှင့် ကိုယ်မှာမူ ကားခန္ဓာငါးပါးသည် ကိုယ်ဟုတ်သာ အမှန်ဖြစ်၏။ ရုပ်နာမ် အစုကိုယ်ဟုတ်သည်ဟုယူ မှသာ အမှန်ကျ၏။ ဤကား အတ္တသဒ္ဒါ အနတ္တသဒ္ဒါ  တို့၏ ဖြောင့်မှန်သောအနက်သွား ကို ထင်ရှားအောင် ဆိုချက်တည်း။
၁။ အနှစ်မရှိသော အနက်ကြောင့် အနတ္တ မည်၏။
၂။ အစိုးရသူ အရှင်သခင်မရှိသော အနက်ကြောင့် အနတ္တ မည်၏။
၃။ အလိုသို့ မလိုက်သော အနက်ကြောင့် အနတ္တ မည်၏။

(ဤသို့ ကျမ်းဂန်တို့၌ လာသော အနက်သုံးပါးသည် သဒ္ဒတ္ထကိုပြသော အနက်စုမဟုတ်။ အတ္တ အတ္တ ငါ့ကို ငါ့ကိုဟုအတွင်း ပြုခြင်းငှါ မထိုက်တန်ကြောင်း ကိုပြသော အနက်စု သာတည်း)လျှပ်ရောင်သည် အရှည်တည်နေနိုင်သော အနှစ်သာရမရှိ။ ထိုကြောင့် ထို လျှပ် ရောင်ကိုအသုံးတခု အားအင်ပြုရန် ငါ့လျှပ်ရောင်ဟုအတွင်းပြု၍သိမ်းပိုက်ခြင်းငှါ မထိုက်။ ထိုလျှပ်ရောင်သည် အရှည်တည်နေနိုင်သော အနှစ်သာရမရှိ၍ပင်လျှင် လျှပ် ရောင်ကို အစိုးရသူ အရှင်သခင်ဟူ၍ မရှိ။ ထို့ကြောင့်ကို ငါပိုင်ထိုက်သော လျှပ်ရောင်ဖြစ် သည်ဟု မိမိကိုကို လျှပ်ရောင်၏အရှင်အနေသခင်အနေမှတ်၍ ငါ့လျှပ်ရောင်ဟု အတွင်း ပြု၍ သိမ်းပိုက်ခြင်းငှါ မထိုက်။ ထိုလျှပ်ရောင်သည်အရှည်တည်နေနိုင်သော အနှစ်သာရ မရှိ၍ပင်လျှင် ပုဂ္ဂိုလ် အလိုရှိရာသို့လိုက်သော တရားမဟုတ်။ ထို့ကြောင့် အလိုမလိုက် သော လျှပ်ရောင်ကို ငါ၏ကိုဟု အတွင်းပြုခြင်းငှါ မထိုက်။

တနည်း--
ထိုလျှပ်ရောင်၏ ပြစ်မှုသည် လျှပ်ရောင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းစုနှင့် သာ ဆိုင်ပေသည်။ ပုဂ္ဂိုလ်၏အလိုနှင့် မဆိုင်ကြပေ။ ထို့ကြောင့် ထိုလျှပ်ရောင်သည် ပုဂ္ဂိုလ်၏အလိုသို့လိုက်ခြင်းမရှိ။ ထိုသို့လိုက်ခြင်း မရှိလေသောကြောင့် ထိုလျှပ်ရောင်ကို ငါ့ကို ငါ့ကိုဟု အတွင်းပြုခြင်းငှါမထိုက်။ ဤသို့ အနတ္တာ၊ ကိုမဟုတ်အတွင်းမဟုတ်ဟူ သောသဒ္ဒတ္ထ၏ ကာရဏယုတ္ထိကို ပြခြင်းငှါ အသာရကဋ္ဌေန၊ အသာမိကဋ္ဌေန၊ အဝသဝ တ္ထနဋ္ဌေန ဟူသော အနက်သုံးချက်ကို ကျမ်းဆရာတို့ ဆိုကြပေကုန်သည်။ အနိစ္စံခယ ဋ္ဌေန ဒုက္ခံဘယဋ္ဌေန တို့၌လည်း ဤနည်းအတူ။(ဤကားအနတ္တပုဒ်၌ ပြအပ်သော အနက်ကို နှီးနှောချက်တည်း။)
ဆိုခဲ့ပြီးသော ဓာတ်ကြီးလေးပါး အကြည်ဓာတ် ခြောက်ပါး ဓာတ်မီးရှစ်ပါး ဓာတ်ဆီ ငါးပါးဓာတ်ဘီလူးအများ ဤတရားစုတို့၏ ဖြစ်ပေါ်မှု ဆက်လက်ဖြစ်ပွားမှုလျော့ပါးမှုလျော့ ပါးဆုတ်ယုတ်မှုတို့သည် ပုဂ္ဂိုလ်၏အလိုနှင့် ဆိုင်သော အမှုတို့ပင် မဟုတ်ကုန်။ စင်စစ်မူ ကား သူတို့ကိုဖြစ်ပေါ်စေခြင်းငှါ ထိုက်သော အဇ္ဈတ္တ ဗဟိဒ္ဓ ဗီဇအကြောင်းတို့နှင့်သာဆိုင် သော အမှုတို့ပေတည်း။ မီး၏ဖြစ်မှု တညလုံး တနေ့လုံး တည်နေမှုသည် ပုဂ္ဂိုလ်၏အလို နှင့် မဆိုင်မပိုင်ပေ။ မီးကိုဖြစ် စေသော မီးခြစ် ဆေးကိုတညဥ့်လုံး တနေ့လုံးတည်စေနိုင် သော မီးစာထင်း သစ်သားတို့နှင့်သာဆိုင်ပေသည်။ ဆီမီး ဖယောင်းတိုင်မီး ရေနံမီးဖြစ် လျှင် ဆီမီးစာဖယောင်း ရေနံဆီတို့နှင့်သာဆိုင်ပေသည်။ ထို့ကြောင့် မီးကို မီးရောင်ကို အလိုရှိသော ပုဂ္ဂိုလ်က တောက်စေဟုဆိုသောလည်း မတောက်၊ တည်စေဟုဆိုသော် လည်း မတည်။ မီး၏ အဆောက်အဦးကို စုဆောင်း၍ ပေးမှသာတောက်လေတည်လေ သည်။ မသေနှင့် ဆိုသောလည်း ဆီမီးစာကုန်လျှင် မသေဘဲမနေ။ ဤအတူမှတ်။
အစိုးရမှုမည်သည် အလိုကိုလိုက်နာသူ၏ အပေါ်၌သာတည်မြဲတည်း။ မိမိအလိုနှင့် သက်သက်မဆိုင်လှ၍ အစိုးရမှု အချင်းခပ်သိမ်းမရှိဘဲ အကြောင်းဗီဇဆိုက်တိုက်ရာ ဖြစ်မှု တည်မှုတသွန်တည်း သူ့လမ်းနှင့်သူ သူ့အခွင်နှင့်သူဖြစ်ပေါ်ပျက်ပြား၍နေသော ရုပ်တ ရား နာမ်တရားတို့ကို အစိုးရမှု အတွင်းပြု၍ ငါ့ကို ငါ့ကိုဟု သိမ်းပိုက်ခြင်းသည် ဓမ္မအား ဖြင့် အမှားစင်စစ် ဖြစ်သတည်း။(အစိုးရခြင်း အချင်းခပ်သိမ်း ကင်းပုံမှာ ရှေး၌ပြဆိုခဲ့ပြီး သော အချက်နှင့်ပင် ထင်ရှားလောက်ပြီ)

ပုဏ္ဏောဝါဒကမ္မဋ္ဌာန်းပြီး၏။